Sunday, April 2, 2017

မြောက်ကိုရီးယား ကုမ္ပဏီတစ်ခုနှင့် နိုင်ငံသား ၁၁ ဦးကို စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုအသစ်များ အမေရိကန်ပြုလုပ်

Image may contain: 7 people, people smiling, people standing, skyscraper and outdoor

ဝါရှင်တန် ဧပြီ ၁  

 မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား နှင့် ဒုံးကျည်စမ်းသပ်မှုများကို ထောက်ခံ မှုပြုခဲ့သည့် မြောက်ကိုရီးယားနိုင်ငံမှ ကုန်သွယ်ရေး ကုမ္ပဏီတစ်ခုနှင့် မြောက်ကိုရီးယားနိုင်ငံသား ၁၁ ဦးကို အမေရိကန်က စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ယမန်နေ့က အမိန့်ထုတ်ပြန်ခဲ့ သည်။
အမေရိကန်က စီးပွားရေးအရ ပိတ်ဆို့အရေးယူခဲ့သော မြောက် ကိုရီးယားနိုင်ငံမှ ကုန်သွယ်ရေးကုမ္ပဏီ တစ်ခုနှင့် မြောက်ကိုရီးယားနိုင်ငံသား ၁၁ ဦးတို့သည် မြောက်ကိုရီးယားနိုင်ငံ၏ ဘဏ်လုပ်ငန်းများ၊ ကုန်သွယ်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ ပြည်ပရုံးခွဲများတွင် လုပ်ငန်းဆောင်ရွက် နေသူများဖြစ်ကြောင်း သိရသည်။
အမေရိကန်က စီးပွားရေးအရ ပိတ်ဆို့ အရေးယူခဲ့သူများသည် ပြည်ပ နိုင်ငံများတွင် မြောက်ကိုရီးယားအစိုးရ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ သူများဖြစ်သလို ကုလသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့မှ တားမြစ်ထား သည့် အကြီးစားအဖျက်လက်နက်စီမံ ကိန်းများအတွက် လိုအပ်သည့် ပစ္စည်း များဝယ်ယူပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်း နှင့် ငွေကြေးထောက်ပံ့ပေးခြင်း စသည် တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဌာန၏ အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ ကြောင်း သိရသည်။
(ဆင်ဟွာ)

No comments:

Post a Comment