Saturday, April 29, 2017

နေမာအား ပေါင်သန်း ၂ဝဝ ဖြင့် ခေါ်ယူရန် မန်ယူပြင်ဆင်

Image may contain: 1 person, closeup
နည်းပြမော်ရင်ဟို၏ မန်ယူအသင်းသည် စပိန်လာလီဂါကလပ် ဘာစီလိုနာ အသင်းတွင် ခြေစွမ်းပြကစားနေသည့် ဘရာဇီးတိုက်စစ်မှူး နေမာအား ပြောင်းရွှေ့ကြေး ပေါင်သန်း ၂ဝဝ ဖြင့် ခေါ်ယူရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
မန်ယူအသင်းသည် တိုက်စစ်မှူး အီဘရာဟီမိုဗစ် ဒဏ်ရာပြဿနာ ကြုံနေခြင်းကြောင့် အဆိုပါ ကစားသမားနေရာတွင် အစားထိုးကစားသမား အဖြစ်ခေါ်ယူရန် ဘာစီလိုနာတိုက်စစ်မှူး နေမာနှင့် အက်သလက်တီကိုမက်ဒရစ် အသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်းတို့အား ခေါ်ယူရန်ပြင်ဆင်နေခြင်းဖြစ်သည်။
တိုက်စစ်မှူးနေမာသည် ချယ်လ်ဆီးအသင်း သို့မဟုတ်ပါက မန်ယူ အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သတင်းများတွင် ဖော်ပြ ထားသည်။ နည်းပြမော်ရင်ဟိုသည် လာမည့်ဘောလုံးရာသီတွင် အီဘရာ ဟီမိုဗစ်နှင့် ရက်ရှ်ဖို့ဒ်တို့ကို တွဲဖက်အသုံးပြုကာ ၄-၂-၃-၁ ကစားကွက် သို့မဟုတ် ၄-၁-၂-၃ ကစားကွက်ကို ပုံဖော်ရန်ရှိနေသော်လည်း အီဘရာ ဟီမိုဗစ်မှာ ကိုးလကြာ အနားယူရမည်ဖြစ်သောကြောင့် တိုက်စစ်ပိုင်းကို အားဖြည့်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဂရစ်ဇ်မန်း ကိုလည်း တစ်နှစ်လုပ်ခလစာ ပေါင် ၁၇ သန်းပေးကာ တစ်ပတ်လုပ်ခလစာပေါင် ၃ဝဝဝဝဝ ဖြင့် ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိကြောင်း သိရသည်။
(ငွေကြယ်)

No comments:

Post a Comment