Saturday, April 29, 2017

ချယ်လ်ဆီးအသင်းခေါင်းဆောင်ဂျွန်တယ်ရီ ဘုန်းမောက်သို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေ

Image may contain: 1 person, playing a sport
ပရီမီယာလိဂ်ကလပ် ချယ်လ်ဆီးအသင်း၏ အသင်းခေါင်းဆောင် ဂျွန်တယ်ရီ သည် ဘုန်းမောက်အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။
နောက်တန်းကစားသမား ဂျွန်တယ်ရီသည် ယခုနှစ်ဘောလုံးရာသီကုန် တွင် ချယ်လ်ဆီးအသင်းကစားသမားဘဝကို နှုတ်ဆက်ထွက်ခွာတော့မည် ဖြစ်ပြီး ဂျွန်တယ်ရီအား ဘုန်းမောက်ကစားသမားအဖြစ် မြင်တွေ့ရလိမ့်မည် ဖြစ်ကြောင်း ဟယ်ရီအာတာက ယုံကြည်ထားသည်။
ဘုန်းမောက်အသင်းသည် လက်ရှိတွင် ပရီမီယာလိဂ်အမှတ်ပေး ဇယားတွင် တန်းဆင်းဇုန်အထက် ခုနစ်မှတ်ဖြတ်ကာ အဆင့်(၁၃)နေရာ တွင် ရပ်တည်လျက်ရှိသော အသင်းဖြစ်သည်။ ချယ်လ်ဆီးအသင်း ခေါင်းဆောင် ဂျွန်တယ်ရီသည် ဇွန်လကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သောကြောင့် (၂၂) နှစ်ကြာ ဖြတ်သန်းခဲ့သည့် ချယ်လ်ဆီး ကစားသမားဘဝကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း ယခုလအတွင်း ကြေညာ ထားခဲ့ပြီးဖြစ်သည်။
အသက်(၃၆)နှစ်အရွယ်ရှိ ဂျွန်တယ်ရီသည် ချယ်လ်ဆီးကစားသမားဘဝ ကို အဆုံးသတ်လိုက်သော်လည်း ဝက်စ်ဟမ်းအသင်း၊ ဆွမ်ဆီးအသင်း၊ ခရစ္စတယ်ပဲလေ့အသင်း ကဲ့သို့သော အသင်းများတွင် ဆက်လက်ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။
(ငွေကြယ်)

No comments:

Post a Comment