Saturday, April 29, 2017

မန်ချက်စတာဒါဘီတွင် သရေပွဲဖြစ်ခဲ့ခြင်းကြောင့်မန်ယူအသင်း ၂၄ ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်

Image may contain: 4 people
မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့သည် ဧပြီ ၂၇ ရက် ညပိုင်းက မန်စီးတီး အသင်း၏ အိမ်ကွင်း အီတီဟက်ဒ်တွင် ယှဉ်ပြိုင်ကစား ခဲ့ရာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် မန်ယူ အသင်းသည် ၂၄ ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့ပြီဖြစ် သည်။
မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့၏ ပွဲစဉ်တွင် မန်ယူအသင်းသည် ခံစစ်ဦးစားပေးပုံစံဖြင့် ဂိုးမပေးရရေး ကို အဓိကဦးတည်ကစားစေခဲ့ပြီး မန်စီးတီးအသင်း၏ တိုက်စစ်ပိုင်းကို အကောင်းဆုံးဟန့်တားနိုင်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် မန်စီးတီးတိုက်စစ်မှူး အဂူရိုသည် ဂိုးသွင်းခွင့်အများအပြားရရှိခဲ့သော်လည်း ဂိုးရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
မန်စီးတီးအသင်းသည် မန်ယူအသင်းနှင့် ဆုံတွေ့ ခဲ့သည့် မန်ချက်စတာဒါဘီ ပွဲစဉ်နောက်ဆုံးငါးပွဲတွင် လေးပွဲအထိ ဂိုးမသွင်းနိုင်ခဲ့သည့် မှတ်တမ်းတစ်ရပ်လည်း ထွက်ပေါ်လာခဲ့သည်။ မန်ယူအသင်းအနေဖြင့်မူ ၂ဝ၁ဝ- ၂ဝ၁၁ ဘောလုံးရာသီနောက်ပိုင်း ၂၄ ပွဲအထိ ရှုံးပွဲ မရှိသည့်စံချိန်ကိုလည်း လိုက်မီနိုင်ခဲ့ပြီဖြစ်သည်။
မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့သည် လက်ရှိ ပရီမီယာလိဂ်ပွဲစဉ် (၃၃)အပြီးတွင် မန်စီးတီးအသင်းက ရမှတ်(၆၅)မှတ်ဖြင့် အဆင့်(၄)၊ မန်ယူအသင်းက ရမှတ် (၆၄)မှတ်ဖြင့် အဆင့်(၅)အသီးသီး ရပ်တည်လျက်ရှိပြီး ရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် ပြင်ဆင်လျက် ရှိသည်။
(ငွေကြယ်)

No comments:

Post a Comment