Saturday, April 1, 2017

မန်ယူကစားဖော်တွေကို နှုတ်ဆက်ဖို့တောင် အခွင့်အလမ်းမရှိခဲ့တဲ့ ရှဝိန်းစတိန်ဂါ



 ကောင်းမြတ်သူ - စုစည်းသည်။


ချီကာဂို ဖိုင်းယားအသင်းသို့ ပြောင်းရွှေ့ပြီးနောက် ရှဝိန်းစတိန်ဂါက သူ့အနေနဲ့ မန်ယူ ကစားဖော်တွေကို နှုတ်ဆက်ဖို့ အခွင့်အလမ်းတောင် မရှိဘဲ ထွက်ခွာခဲ့ရတယ်လို့ ပြော ဆိုလိုက်ပါတယ်။ ရှဝိန်းစတိန်ဂါဟာ သူ့ရဲ့ အသင်းသစ် ချီကာဂိုဖိုင်းယားအသင်းနဲ့ မွန် ထရီရယ် အသင်းတို့ တွေ့မယ့်ပွဲမှာ စတင်ကစားရနိုင်ပါတယ်။ ကွင်းလယ်ကစားသမား ရှဝိန်းစတိန်ဂါဟာ မန်ယူမှာ ၁၈ လကြာကစားခဲ့ပြီးနောက် မေဂျာလိဂ်ကလပ် ချီကာဂို ဖိုင်းယားနဲ့ တစ်နှစ်စာချုပ်လိုက်ပါတယ်။ ပေါင် ၃ ဒသမ ၅ သန်းနဲ့ စာချုပ်ခဲ့တာဖြစ်ပါ တယ်။ မန်ယူကစားသမားတွေနဲ့ နှုတ်ဆက်ပွဲ မလုပ်ရဘဲ ထွက်ခွာခဲ့ရတယ်လို့ ဂျာမန် ကွင်းလယ်ကစားသမားရှဝိန်းစတိန်ဂါက ဆိုပါတယ်။ ယခုအခါမှာတော့ ချီကာဂို ဖိုင်း ယားကစားသမားသစ်တွေ စတင်လေ့ကျင့်မှုတွေ ပြုလုပ်နေပြီလို့ ဆိုပါတယ်။ ရှဝိန်း စတိန်ဂါဟာ ဂျာမန်လက်ရွေးစင်အသင်းမှာ အောင်မြင်မှုတွေရခဲ့တဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားတစ်ဦးဖြစ်ပါတယ်။ သို့ပေမယ့် နည်းပြ မော်ရင်ဟို လက်ထက် မှာတော့ ခြေစွမ်းပြကစားခွင့်တွေ ဆုံးရှုံးခဲ့ပါတယ်။

No comments:

Post a Comment