Saturday, April 1, 2017

မြေကိစ္စများဖြေရှင်းဆောင်ရွက်ရာတွင် ဝိရောဓိဖြစ်စေနိုင်သည့် ကိစ္စရပ်များကို လွယ်လင့်တကူ ဖြေရှင်းနိုင်ရန် ''မူ'' (၁ဝ)ချက် ထပ်မံချမှတ်ပြီးဖြစ်


Image may contain: 4 people, people sitting, table and indoor
နေပြည်တော် မတ် ၃၁
မြေသိမ်းဆည်းခံရမှုကြောင့် နစ်နာသူပြည်သူများ၏ ရေရှည်ဘဝ ရပ်တည် နိုင်ရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်အနေဖြင့် အလေးထားဆောင်ရွက် သွားရန် လိုအပ်ကြောင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှု များ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပြောကြားလိုက်သည်။
နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင်ကျင်းပသည့် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ (၁/၂ဝ၁၇)လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒုတိယသမ္မတက နိုင်ငံတော်သည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ်နေသော လယ်ယာ မြေများ၊ တောင်သူလယ်သမားများသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေ သဖြင့် နိုင်ငံတော်၏ Image ဖြစ်သော မြေယာကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက် ရာတွင် ပြန်လည်သုံးသပ်၍ အရှိန်ကောင်းကောင်းဖြင့် ဆက်လက်တွန်းအား ပေးဆောင်ရွက်သွားရန်လိုကြောင်း။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီသို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှဲပြောင်းပေးပို့လာသည့် တိုင်ကြားစာအမှုတွဲများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပေးပို့လာသည့်အမှုတွဲများအနေဖြင့် စတင် ဖွဲ့စည်းချိန်မှ ယနေ့အထိ တိုင်ကြားစာ အမှုတွဲ စုစုပေါင်း ၃၉၈ဝ မှုရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများသို့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ရန် အကြောင်းကြားထား ပြီးဖြစ်ကြောင်း၊ အမှုတွဲများမှ စိစစ်ဖြေရှင်းပြီး အမှုတွဲ ၂၁၂ မှုရှိပြီး စိစစ်ဖြေရှင်း ဆဲ အမှုတွဲ ၃၇၆၈ မှုရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် မျှော်မှန်းထားသော အတိုင်းအတာအထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်းကို သုံးသပ်မိကြောင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတက ဗဟိုကော်မတီအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း အထူးကိစ္စရပ်များအနေဖြင့် ဖြေရှင်းရန်လိုအပ်သော မြေကိစ္စများကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပေါင်းစပ် ညှိနှိုင်း ဆုံးဖြတ်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးက ပထမဆုံး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည့်အတွက် တိုးတက်မှုများရရှိခဲ့ပြီး ကချင်၊ ကယား၊ ချင်း၊ ပဲခူးတိုင်းဒေသကြီးတို့ကလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှု ကြောင့် တိုးတက်မှုများရရှိခဲ့ကြောင်း။
လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေး ကော်မတီများအနေဖြင့် ယခင်အစိုးရလက်ထက် စိစစ်ဖြေရှင်းရန် ကျန်ရှိ နေသော အမှုတွဲများကိုလည်း ဆက်လက်ဖြေရှင်းဆောင်ရွက်လျက်ရှိရာ တိုးတက်မှုအမှုတွဲများအား လစဉ်ပုံမှန်ပြန်တမ်းဖြင့် ပြန်လည်တင်ပြရန် လိုအပ် ကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း ဝန်ကြီးဌာန၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ စီမံကိန်းအလို့ငှာ ရယူထားသောမြေများတွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့် မြေများကို နိုင်ငံတော် နှင့် ဒေသခံပြည်သူလူထုအကျိုးအတွက် မြေစီမံခန့်ခွဲခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်သိမ်းဆည်းနိုင်ရန်အတွက် ညွှန်ကြားထားပြီးဖြစ်သည့်အတွက် ဆောင်ရွက်မှုအခြေအနေများ တင်ပြ သွားရန်လိုအပ်ကြောင်း။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေး ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူများသိရှိနိုင်ရေး နိုင်ငံပိုင်သတင်း မီဒီယာများတွင် ဖော်ပြနိုင်ရန်အတွက် သတင်းထုတ်ပြန် ကြေညာချက်အား ပြန်ကြားရေးဝန်ကြီးဌာနသို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီမှ မြေကိစ္စများ ဖြေရှင်းဆောင်ရွက်ရာတွင် ဝိရောဓိဖြစ်စေနိုင်သည့် ကိစ္စရပ်များကို လွယ်လင့်တကူဖြေရှင်းနိုင်ရန် ''မူ'' (၁ဝ)ချက်ကို ထပ်မံချမှတ်ပြီး ဖြစ်သည့်အတွက် အတည်ပြုသွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ဗဟိုကော်မတီအနေဖြင့် တိုင်ကြားစာများအပေါ် လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက မြေယာကိစ္စရပ်များ လွယ်လင့်တကူဖြေရှင်းနိုင်ရေး ကိစ္စရပ်များ၊ မြေယာများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုမရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက ဆွေးနွေးတင်ပြကြပြီး ဒုတိယ သမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment