Saturday, April 1, 2017

မောင်တောခရိုင်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်


Image may contain: 3 people
မောင်တော မတ် ၃၁
မောင်တောခရိုင် ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာကျော်မောင်မောင် အောင်သိန်း ဦးဆောင်သော ခရိုင်/ မြို့နယ် ကျန်းမာရေးအဖွဲ့နှင့် ပြည်ပINGO အဖွဲ့တစ်ခုဖြစ်သည့် Malt- eser အဖွဲ့တို့ ပူးပေါင်း၍ မောင်တော ခရိုင်အတွင်းရှိ ဦးရှည်ကျ၊ ဒါးကြီးစား ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မတ် ၃ဝ ရက်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့လုပ်ဆောင်ရာတွင် ဦးရှည် ကျကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန် ဆောင်မိခင် ၄၇ ဦးအပါအဝင် အမျိုး သား အမျိုးသမီး ၂ဝ၃ ဦးတို့အား လည်းကောင်း၊ ဒါးကြီးစားကျေးရွာ အုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် ခြောက်ဦးအပါအဝင် အမျိုးသား အမျိုးသမီး ၁၆၉ ဦးတို့အား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့အနေဖြင့် မောင်တောခရိုင်အတွင်းရှိ အခြား သော ကျေးရွာအုပ်စုများသို့လည်း ဆက်လက်ကွင်းဆင်း၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းနှင့်ဓာတ်ပုံ
ရာမည၊ တင်စိုး

No comments:

Post a Comment