Saturday, April 1, 2017

တပ်ကုန်းမြို့နယ်၌ တတိယနှစ်စက်ဝန်းအတွင်း လုပ်ငန်းခွဲပေါင်း ၁၅၃ ခု စတင်အကောင်အထည်ဖော်ဆောင်ရွက်


No automatic alt text available.
တပ်ကုန်း မတ် ၃၁
တပ်ကုန်းမြို့နယ်တွင် ၂ဝ၁၇ ခုနှစ် လူထုဗဟိုပြုစီမံကိန်းတတိယနှစ်စက်ဝန်း အတွင်း ပထမအကြိမ် လုပ်ငန်းခွဲ ၃၇ ခု၊ ဒုတိယအကြိမ် လုပ်ငန်းခွဲ ၅ဝ၊ တတိယအကြိမ်လုပ်ငန်းခွဲ ၆၆ ခု စုစုပေါင်းလုပ်ငန်းခွဲ ၁၅၃ ခု အတည်ပြု၍ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ မတ် ၂၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသော လူထုဗဟိုပြုစီမံကိန်း၏ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော် ရေးကော်မတီ(TPIC)အစည်းအဝေး (၃/၂ဝ၁၇) ဆွေးနွေးပွဲတွင် တာဝန်ရှိ သူက ထိုသို့ပြောကြားခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းက လူထုဗဟိုပြုစီမံကိန်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး မြို့နယ်လူထုဗဟိုပြုစီမံကိန်း အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဌေးက စီမံကိန်းတတိယနှစ်စက်ဝန်းအတွင်း စီမံကိန်းကျေးရွာ အုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၆၃ ရွာ၊ လုပ်ငန်းခွဲပေါင်း ၇ဝ တင်ပြထား သည့် စီမံကိန်းလုပ်ငန်းများအတည်ပြုနိုင်ရေး ရှင်းလင်းပြောကြားပြီး တက်ရောက် လာသည့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုများမှ စီမံကိန်းကော်မတီဝင်များနှင့် စီမံကိန်းတာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲတွင် လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေးနှင့် အဆောက် အအုံများစသည့် စီမံကိန်းလုပ်ငန်းခွဲစုစုပေါင်း ၆၆ ခု အတည်ပြုပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)

No comments:

Post a Comment