Saturday, April 1, 2017

ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဆက်လက် သတင်းရယူ


Image may contain: one or more people, people sitting, table and indoor
မောင်တော မတ် ၃၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မြေပြင် ကွင်းဆင်း သတင်းရယူလျက်ရှိသည့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအဖွဲ့သည် ယနေ့တွင် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဆက်လက် သတင်းရယူ ကြသည်။ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့ရှိ နယ်စပ် ဝင်/ထွက် စခန်း(POE )တွင် လူဝင်/ထွက် သွားလာမှုနှင့် ကုန်ပစ္စည်း တင်ပို့မှု အခြေအနေကို သွားရောက် သတင်းရယူကြသည်။
မောင်တောမြို့ နယ်စပ် ဝင်/ထွက်စခန်း(POE)မှ နေ၍ တစ်ဖက်နိုင်ငံသို့ ရေထွက်ပစ္စည်း၊ ငါးခြောက်မျိုးစုံ နှင့် မတ်ပဲတို့ အများဆုံးတင်ပို့လျက်ရှိပြီး ဒီဇင်ဘာ ၂၄ မှ ယနေ့အထိ ကုန်သွယ်မှုများ ပုံမှန်လည်ပတ်လျက်ရှိ ကြောင်း၊ ယခုမတ်လ တစ်လအတွင်း ပို့ကုန် အမေရိကန် ဒေါ်လာ ၄၉ဝဝဝဝ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အမှတ်(၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်နှင့် မောင်တောခရိုင် စီမံခန်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရဲထွဋ်တို့က နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုအခြေအနေ၊ နယ်မြေဒေသ ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေး ဆောင်ရွက်မှုအခြေအနေ များ ရှင်းလင်းပြောကြားမှုအပေါ် သတင်းမီဒီယာများက သိရှိလိုသည်များ ပြန်လည်မေးမြန်းသတင်းရယူကြသည်။
ဆက်လက်၍ မောင်တောမြို့နယ်ရှိ အလယ်သံကျော် ကျေးရွာသို့ သွားရောက်ကြပြီး လူမှုအသိုက်အဝန်း သုံးခု အတူတကွ အေးချမ်းစွာ ပူးပေါင်းနေထိုင်မှု အခြေအနေကို လည်းကောင်း၊ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း ရပ်နား ထားရသည့် အခြေအနေကိုလည်းကောင်း သတင်းရယူကြ သည်။
ယင်းနောက် မောင်တောမြို့နယ် ကျောက်ပန္နုကျေးရွာ တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစီအစဉ်ဖြင့် တိုင်းရင်းသားများနေထိုင်ရန် အိမ်ခြေ ၁ဝဝ အကောင် အထည်ဖော်ဆောင်ရွက်မည့် အခြေအနေကို လည်ကောင်း၊ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရသည့် ရသေ့တောင်မြို့နယ်ရှိ ကိုးတန် ကောက် ရဲစခန်းအခြေအနေကို လည်းကောင်း သတင်းရယူ ကြသည်။
ပြည်တွင်း၊ ပြည်ပ သတင်းအဖွဲ့များသည် ညနေပိုင်း တွင် စစ်တွေမြို့သို့ ပြန်လည်ရောက်ကြပြီး ဧပြီ ၁ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ခြင်းနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက် သတင်း ရယူခြင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment