Sunday, April 30, 2017

ဘဂ္ဂဒက်တွင် ကားဗုံးခွဲတိုက်ခိုက် လူငါးဦးထက်မနည်း သေဆုံး



Image may contain: one or more people and outdoor
ဘဂ္ဂဒက် ဧပြီ ၂၉
အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်၏မြို့လယ်ပိုင်း ကာရာဒါဒေသတွင် ဧပြီ ၂၈ ရက် ညနေပိုင်းက ကားဗုံးခွဲတိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူငါးဦးထက်မနည်းသေဆုံးပြီး ၁ဝ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားသည်။
ကာရာဒါ ဘာယူရိုယာဉ်ရပ်နားရာနေရာတွင် အဆိုပါကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူငါးဦးသေဆုံးကာ ၁ဝ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ကားရပ်နားရာနေရာရှိ မော်တော်ယာဉ်အချို့ ပျက်စီးခဲ့ပြီး အနီးနားရှိအဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
ကာရာဒါဒေသသည် တိုက်ဂရစ်မြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ၂ဝဝ၃ ခုနှစ် အီရတ် စစ်ပွဲမတိုင်မီက အထူးစည်ကားသော စီးပွားရေးဆိုင်ရာဒေသဖြစ်သည်။ ယင်းဒေသတွင် ၂ဝ၁၆ ခုနှစ်အတွင်းက ဗုံးဖောက်ခွဲတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂ဝဝ ခန့်မှာ သေဆုံး (သို့မဟုတ်)ထိခိုက်ဒဏ်ရာရခဲ့သည်။
ဆင်ဟွာ။

No comments:

Post a Comment