Sunday, April 30, 2017

မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု မအောင်မြင်


Image may contain: cloud, sky and outdoor
ဆိုးလ် ဧပြီ ၂၉
မြောက်ကိုရီးယားနိုင်ငံက ဧပြီ ၂၉ ရက်တွင် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့သော်လည်း အောင်မြင်မှုမရှိကြောင်း၊ ယင်းဒုံးကျည်မှာ ပစ်လွှတ်လိုက်ပြီးတစ်ခဏတာအတွင်း ပေါက်ကွဲသွားကြောင်း တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံ ပိုင်ရိုဂန်ပြည်နယ် ဘတ်ခ်ချန်မြို့အနီးရှိ အခြေစိုက်စခန်းမှ အရှေ့မြောက်ဘက်သို့ဦးတည်ကာ ဧပြီ ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲတွင် အဆိုပါဒုံးကျည်ကို ပစ်လွှတ်ခဲ့ကြောင်းနှင့် ပစ်လွှတ်ပြီးအချိန်တိုအတွင်း ထိုဒုံးကျည်မှာ ပေါက်ကွဲသွားကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးအဖွဲ့ရုံး၏ ပြောကြားချက်ကို ကောက်နုတ်၍ ယွန်ဟပ်သတင်းတွင် ဖော်ပြသည်။
ယခုပစ်လွှတ်ခဲ့သော ဒုံးကျည်အမျိုးအစားနှင့် ပစ်လွှတ်နိုင်သောအကွာအဝေး စသည့် သတင်းအချက်များရရှိရေးအတွက် စူးစမ်းလေ့လာမှုများပြုလုပ်နေကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောကြားသည်။
ဆင်ဟွာ။

No comments:

Post a Comment