Saturday, April 29, 2017

ထရန့်အနေဖြင့် ကိုရီးယားကျွန်းဆွယ်အရေးကိစ္စ ငြိမ်းချမ်းစွာဖြေရှင်းရန်လိုလား




ဝါရှင်တန် ဧပြီ ၂၈


ကိုရီးယားကျွန်းဆွယ်အရေးကို သံတမန်နည်းအရ ဖြေရှင်းသွားရန်လိုလားကြောင်း၊ သို့သော်လည်း မြောက်ကိုရီးယားနိုင်ငံနှင့် အချေအတင်ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရန့်က ယမန်နေ့က ပြောကြားခဲ့သည်။ 

 မြောက်ကိုရီးယားနှင့်ဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်နိုင်ရန် နည်းလမ်းရှိနိုင်ကြောင်း၊ ကိုရီးယားကျွန်းဆွယ်အရေးကိစ္စကို သံတမန်နည်းအရ ဖြေရှင်းသွားရန် လိုလားသော်လည်း ခက်ခဲကြောင်း ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးလုပ်စဉ် အမေရိကန် သမ္မတက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် ဆွေးနွေးမှုလမ်းကြောင်း အပေါ် ပြန်လည်ရောက်ရှိလာရန်အတွက် ဖိအားပေးမှုများ ပိုမိုပြုလုပ်ရန် နိုင်ငံတကာအဖွဲ့ဝင်များနှင့် စီစဉ်ဆောင်ရွက် နေကြောင်း ထရန့်အစိုးရအဖွဲ့ အကြီးတန်းအရာရှိများက ယမန်နေ့က ပြောကြားခဲ့သည်။

အမေရိကန် သမ္မတအနေဖြင့် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များ ဖျက်သိမ်းမှုပြုစေရန် စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုများနှင့် သံတမန်ဆိုင်ရာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း ¤င်းတို့က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကို လိုလားကြောင်း၊ မြောက်ကိုရီးယား၏ နျူကလီးယား ထုတ်လုပ်ရန် ကြိုးပမ်းမှုများသည် နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး အရေးကြီးသည့် နိုင်ငံခြားရေး မူဝါဒလည်းဖြစ်ကြောင်း၊ ညှိနှိုင်းဆွေးနွေးမှုများအတွက် လမ်းဖွင့်ပေးထားသော်လည် နိုင်ငံအကျိုးစီးပွားနှင့် မဟာ မိတ်များကို ကာကွယ်ပေးရန် ပြင်ဆင်ထားကြောင်း နိုင်ငံခြား ရေးဝန်ကြီး ရက်စ်တေလာဆန်၊ ကာကွယ်ရေးဝန်ကြီး ဂျိမ်းမတ်တစ်နှင့် အမျိုးသားစုံစမ်းထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒန်ကုက်စ်တို့က ပူးတွဲထုတ်ပြန်ကြေညာ ခဲ့သည်။ (ဆင်ဟွာ)

No comments:

Post a Comment