Saturday, April 29, 2017

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



Image may contain: 2 people, people sitting and indoor
 နေပြည်တော် ဧပြီ ၂၈


 မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည် ထောင်ရေး ဦးဆောင်ကော်မတီ ပထမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ဦးဆောင် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက မိမိတို့နိုင်ငံအနေဖြင့် ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို Geo-stationary ပတ်လမ်းIndian Ocean Region (IOR) 60 Degree East တည်နေရာတွင်ရှိသည့် Intelsat V ဂြိုဟ်တုကိုအသုံးပြုပြီး အပြည်ပြည် ဆိုင်ရာ တယ်လီဖုန်းဆက်သွယ်ရေးနှင့် TV receivingတို့အတွက် ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က စတင်အသုံးပြု
ခဲ့ပါကြောင်း၊ ၁၉၉ဝ ပြည့်နှစ် ဇန်နဝါရီလ
က စပြီး နယ်စပ်ဒေသဖွံဖြိုးတိုးတက်ရေး အတွက် ပြည်တွင်းဂြိုဟ်တုဆက်သွယ် ရေးစနစ်ကိုလည်း Geostationary ပတ်လမ်းတွင်ရှိသည့် AsiaSat-1 ကို အသုံးပြုပြီး ပြည်တွင်းတယ်လီဖုန်း ဆက်သွယ်ရေးနှင့် TV ထပ်ဆင့်လွှင့်စနစ် များကို ဆောင်ရွက်ခဲ့ပါကြောင်း။

ပြည်တွင်း ဂြိုဟ်တုဆက်သွယ်ရေး စနစ်ကို ၁၉၉၈ ခုနှစ် ဇွန်လတွင် Geostationary ပတ်လမ်းတွင်ရှိသည့်ThaiCom 3 သို့ ပြောင်းလဲပြီး အသုံး ပြုခဲ့ပါကြောင်း၊ ဂြိုဟ်တုအသုံးပြုမှုတွင် Transponderသည်လည်း တစ်နေ့ တခြား တိုးပွားများပြားလာပါကြောင်း၊ ဆက်သွယ်ရေးစနစ်တွင် တိုးတက် အသုံးပြုလာသကဲ့သို့ Broadcasting ကဏ္ဍတွင်လည်း တစ်နေ့တခြား တိုးပွား များပြားလာပါကြောင်း၊ ထို့အတူ မြန်မာ နိုင်ငံရှိ ဘဏ်လုပ်ငန်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများ အစ ရှိသည့် ကဏ္ဍများစွာတွင်လည်း အသုံးပြု မှုများ ရှိလာပါကြောင်း၊ ယင်းသို့ အသုံးပြု ကြရာတွင် တသီးတခြားစီ ဂြိုဟ်တု ကို ငှားရမ်းသုံးစွဲနေကြရသည့်အတွက် ကုန်ကျစရိတ် ပိုမိုများပြားနေကြသည် ကို တွေ့ရှိရပါကြောင်း၊ ဂြိုဟ်တုဆက် သွယ်ရေးစနစ်သည် ကုန်းတွင်းဒေသ၊ ရေပြင်ဒေသ၊ ကျွန်းစုဒေသများ အပါအဝင် နေရာဒေသမရွေးသို့ အချိန် တိုအတွင်းတွင် ဆက်သွယ်မှုကို ပေးနိုင် သည့်စနစ်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ရေမြေသဘာဝအရ လူမှုစီးပွားရေး တိုးတက်ရန်အတွက် ကျွန်းများ၊ ကျေးလက်ဒေသများပါမကျန် အချိန်တို အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရန်နှင့် သဘာဝဘေးအန္တရာယ် များ ကျရောက်ပါကလည်း အချိန်တို အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရန် ဂြိုဟ်တုဆက်သွယ်ရေးစနစ် ဖြင့် ဆောင်ရွက်နိုင်ပါကြောင်း၊ ဂြိုဟ်တု ဆက်သွယ်ရေးစနစ်တွင် Geost-ationary ပတ်လမ်းအပြင် အခြား ပတ်လမ်းအသုံးပြုခြင်းများလည်း ရှိကြ ပါကြောင်း၊ လိုအပ်ချက်အပေါ် မူတည်ပြီး အသုံးပြုကြပါကြောင်း။ 

မိမိတို့ ဦးဆောင်ကော်မတီအနေဖြင့် ဆောင်ရွက်ပေးရမည့် လုပ်ငန်းတာဝန် များမှာ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် အတွက် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဆိုင်ရာ မူဝါဒများနှင့် နည်းလမ်းများ ချမှတ်ပေးခြင်း၊ ဂြိုဟ်တုစနစ် တည် ထောင်ရေးဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုသွားနိုင်ရေး လမ်းòန်မှုပေးခြင်း၊ ITU (International Teleco-mmunication Union ) အပါအဝင် ပြည်ပအဖွဲ့အစည်းများဖြင့် လုပ်ငန်း ညှိနှိုင်းဆောင်ရွက်ရေး၊ သဘောတူညီ ချက်များအား အကောင်အထည်ဖော်နိုင် ရေးတို့အတွက် လမ်းòန်မှုပေးခြင်း၊ ဂြိုဟ်တုစနစ် တည်ထောင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအား လမ်းညွှန်ဆောင်ရွက်ခြင်း၊ နိုင်ငံတော် အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဂြိုဟ်တုစနစ်ဖြင့် အသုံးချ စနစ်များ ဖော်ဆောင်ရန် လမ်းညွှန်မှု ပေးခြင်း၊ ခေတ်မီအာကာသနည်းပညာ ရပ်များ ရရှိနိုင်ရေးနှင့် လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် များအတွက် လမ်းòန်မှုပေးခြင်း၊ လိုအပ် ပါက မြန်မာနိုင်ငံ Space Agency တစ်ရပ် ဖွဲ့စည်းတည်ထောင်နိုင်ရေး လမ်းòန်မှုပေးခြင်းတို့ ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဦးဆောင်ကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်က မြန်မာနိုင်ငံတွင် လက်ရှိ ဂြိုဟ်တု အသုံးပြုနေသည့် အခြေအနေ၊ ဂြိုဟ်တု စနစ်တည်ဆောက်ပါက ကုန်ကျမည့် ငွေကြေးပမာဏ၊ ဂြိုဟ်တုပိုင်ဆိုင်မှုစနစ် များ၊ လက်ရှိငှားရမ်းသုံးစွဲနေသည့် အခြေ အနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။

ယင်းနောက် ဦးဆောင်ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒေါက်တာအောင်သူ၊ ဒုတိယ ဝန်ကြီးများ၊ နိုင်ငံတော်ပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေးလုပ်ငန်းကော်မတီဝင် များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက နိုင်ငံတော်ပိုင် ဂြိုဟ်တုစနစ် တည် ထောင်ပါက ရရှိနိုင်မည့်အကျိုးကျေးဇူး များ၊ ဝန်ကြီးဌာနအလိုက် သုံးစွဲနေမှုများ နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြ သည်။

ထို့နောက် ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လျာထား ပြီး အကျိုးအမြတ်တွက်ချက်ကာ ဆောင် ရွက်သင့်သည်များကို ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင် ပူးတွဲ လုပ်ဆောင်နေသည့်အချိန်၌ မြန်မာနိုင်ငံ ပိုင် ဂြိုဟ်တုစနစ်တည်ထောင်နိုင်ရေး အတွက် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နည်းပညာ၊ လုံခြုံရေးကောင်းသည့် ဂြိုဟ်တုနှင့် ချိတ်ဆက်ပြီး လုပ်ဆောင် ပါက အကျိုးများစွာ ရရှိမည်ဖြစ်ပြီး အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြောကြားသည်။ (သတင်းစဉ်)

No comments:

Post a Comment