Saturday, April 29, 2017

ဂျပန်နှင့် အမေရိကန်တိုက်ခိုက်ရေး ဂျက်လေယာဉ်များ ပူးတွဲစစ်ရေးလေ့ကျင့်



တိုကျို ဧပြီ ၂၈



ဂျပန်လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ရေးဂျက်လေယာဉ်များ နှင့် ယူအက်စ်အက်စ်ကားလ်ဗင်ဆင် လေယာဉ်တင်သင်္ဘောတို့သည် ဂျပန် နိုင်ငံတောင်ပိုင်း အိုကီနာဝါအရှေ့ဘက် ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 သောကြာနေ့တွင် ပစိဖိတ် သမုဒ္ဒရာ၌ ပြုလုပ်ခဲ့သည့် ယင်းစစ် ရေးလေ့ကျင့်မှုအတွင်း ဂျပန်နိုင်ငံမှF-15 တိုက်လေယာဉ် နှစ်စင်းနှင့် အမေရိကန်မှ FA-18 လေယာဉ် နှစ်စင်းတို့ ပါဝင်ခဲ့ကြောင်း သိရသည်။တိုက်လေယာဉ်များသည် ပုံစံတကျ ပျံသန်းခဲ့ပြီး ရေဒီယိုအချက်ပြ ဆက်သွယ်မှုများကို စမ်းသပ်လေ့ကျင့် ခဲ့ကြသည်။

ယခုလအတွင်း ကားလ်ဗင်ဆင် တိုက်ခိုက်ရေးအုပ်စုများသည် စင်ကာပူ မှ ထွက်ခွာလာပြီးနောက်တွင် ကိုရီးယား ကျွန်းဆွယ်ရှိရာ မြောက်ပိုင်းဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။ ပြီးခဲ့ သည့် တနင်္ဂနွေနေ့က တိုက်ခိုက်ရေး အုပ်စုသည် ဂျပန်နိုင်ငံ ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့မှ ရေယာဉ်များနှင့် အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ် ခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ အာဏာပိုင်များ၏ပြောကြားချက်အရ ဂျပန်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့သည် ဂျပန်ပင်လယ်ပြင်အတွင်း၌အမေရိကန်လေယာဉ်တင် သင်္ဘောနှင့် အတူ စစ်ရေးလေ့ကျင့်မှုအများအပြားထပ်မံ ပြုလုပ်သွားရန်ရှိသေးကြောင်း သိရ သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမီ အီနာဒါက ပင်လယ်ရေကြောင်းနှင့် လေကြောင်းတပ်ဖွဲ့များက အမေ ရိကန်နှင့်ပူးပေါင်းကာ စစ်ရေးလေ့ကျင့် နေမှုများသည် နှစ်နိုင်ငံ မဟာမိတ် ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေ လိမ့်မည်ဖြစ်ပြီး ဒေသတွင်းတည်ငြိမ်မှု ရရှိရေးလုပ်ဆောင်မည်ဟု ဂျပန်က ကတိပေးအပ်ခဲ့သည့်အတိုင်း ဆောင်ရွက် နေမှုကို ဖော်ပြနေသည့်စစ်ရေးလေ့ကျင့်မှုတစ်ရပ်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment