Saturday, April 1, 2017

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း သန့်ရှင်းသောသောက်သုံးရေဖြန့်ဝေလှူဒါန်း



Image may contain: 1 person, standing and outdoor
ရန်ကုန် မတ် ၃၁
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် သီတဂူ ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူပရိဝုဏ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ တရားစခန်းများအပြင် သောက်သုံးရေ ရှားပါးခက်ခဲသည့် စစ်ကိုင်း မြို့ပေါ်နေရာများနှင့် ရပ်ကွက်၊ ကျေးရွာများအထိပါ သန့်ရှင်းသော သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း ပေးနိုင်ရန်အတွက် မတ်၃၁ ရက် နံနက်ပိုင်းက ရေဂါလန် ၃ဝဝဝ ဆံ့ ရေသယ်ယာဉ် အသစ်တစ်စီးကို ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ကမ္ဘောဇဘဏ်လီမိတက် (အထက်မြန်မာပြည်တာဝန်ခံ) ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းနှင့် ဖောင်ဒေးရှင်း အဖွဲ့ဝင်များက စစ်ကိုင်းတောင်ရိုး သီတဂူ သာသနာပြုအဖွဲ့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဖောင်ဒေးရှင်းအနေဖြင့် မြန်မာ နိုင်ငံတစ်ဝန်း ရေလိုအပ်သည့်နေရာ ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေများ လှူဒါန်းနိုင်ရန် အတွက် ၂ဝ၁၆ခုနှစ်တွင် ရေသယ် ယာဉ် ၄၄ စီး ဝယ်ယူခဲ့ပြီး ရေရှားပါးသောဒေသများသို့ ရေဂါလန် ပေါင်းသန်းချီ၍ ဖြန့်ဝေလှူဒါန်းနိုင်ခဲ့သည်။ ရေလှူဒါန်းမှုများ ပိုမိုထိရောက်စွာ ပြုလုပ်နိုင်ရန်အတွက်လည်း ကူမဲမြို့ မီးသတ်ဌာနသို့ ရေသယ်ယာဉ်တစ်စီး၊ ကလေးမြို့ ကလေးလွင်ပြင်လူမှုကူညီရေးအဖွဲ့သို့ ရေသယ်ယာဉ်တစ်စီး၊ မြစ်သားမြို့ ကလျာဏမိတ္တလူမှုကူညီရေးအဖွဲ့သို့ ရေသယ်ယာဉ်တစ်စီး၊ နွားထိုးကြီး မေတ္တာမွန်လူမှုကူညီရေးအဖွဲ့သို့ ရေသယ်ယာဉ်တစ်စီး၊ ကျောက်ဆည် မြို့ ရွှေစေတီဘိုးဘွားရိပ်သာလူမှုကူညီရေးအဖွဲ့သို့ ရေသယ်ယာဉ်တစ်စီး၊ ဟားခါးမြို့မိမြို့ဖများအဖွဲ့သို့ ရေသယ်ယာဉ်နှစ်စီး၊ ကရင်ပြည်နယ်အစိုးရ အဖွဲ့သို့ ရေသယ်ယာဉ်ငါးစီးနှင့် Eleven Media Group ပရတိတ အဖွဲ့သို့ ရေသယ်ယာဉ်တစ်စီးတို့ကို လှူဒါန်းခဲ့ပြီးဖြစ်သည်။
ထို့အပြင် ဖောင်ဒေးရှင်းသည် ရေရှားပါးသည့် နေရာဒေသများတွင် အသုံးပြုနိုင်ရန်အတွက် ၂ဝ၁၇ ခုနှစ် မတ်လအတွင်း ကျော်သူပရဟိတ ကွန်ရက်အဖွဲ့၊ ရေနံချောင်းမြို့အဖြူ ရောင်ပရဟိတအဖွဲ့၊ စစ်ကိုင်းမြို့ မြသပိတ်ဘုံဆွမ်းလောင်းအသင်း၊ ပုသိမ်မြို့ မြို့မရေသန့်အလှူတော် အသင်း၊ မြင်းခြံမြို့အဖြူရောင်လက်များ ပရဟိတအသင်း၊ နတ်မောက်မြို့ စိတ်ဓာတ်ဖြူစင်ကရုဏာရှင်များပရဟိတအသင်း အစရှိသည့် ပရဟိတ အဖွဲ့များထံသို့ ရေဂါလန် ၃ဝဝဝ ဆံ့ ရေသယ်ယာဉ်အသစ် တစ်စီးစီကို လည်းကောင်း၊ မကွေးမြို့ အောင်မြေ ပရဟိတအသင်းသို့ ရေဂါလန် ၃ဝဝဝ ဆံ့ ရေသယ်ယာဉ်အသစ် နှစ်စီးကိုလည်းကောင်း ထပ်မံလှူဒါန်းခဲ့သည်။ ကမ္ဘောဇအနာဂတ်အလင်း တန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် ယနေ့ သီတဂူဗုဒ္ဓတက္ကသိုလ်သို့ လှူဒါန်းသော ရေသယ်ယာဉ်အသစ်တစ်စီး အပါအဝင် ယခုအချိန်ထိ နိုင်ငံတစ်ဝန်းရှိ ပရဟိတအဖွဲ့အစည်း အသီးသီးနှင့် သောက်သုံးရေ အမှန်တကယ်လိုအပ်သည့် နေရာများသို့ ရေသယ်ယာဉ်အသစ် စုစုပေါင်း ၃၄ စီး လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍လည်း ဖောင်ဒေးရှင်းအနေဖြင့် ယခုနွေရာသီကူးပြောင်း ချိန်ကာလတွင် မြန်မာနိုင်ငံတစ်ဝန်း ရေရှားပါးသောဒေသများတွင် သန့်ရှင်းသော သောက်သုံးရေများ ပိုမို လိုအပ်လာမည်ဖြစ်သဖြင့် ရေဂါလန် ၃ဝဝဝဆံ့ ရေသယ်ယာဉ်အသစ်များကို အမှန်တကယ် ရေရှားပါးခက်ခဲ့ သည့် နေရာဒေသများသို့ ဆက်လက်လှူဒါန်းသွားမည်ဖြစ်သည်။
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံအနှံ့ ရေရှားပါးသောဒေသများ နှင့် ရေတွင်းတူးရန် အလွန်ခက်ခဲသော ဒေသများတွင် ခေတ်မီရေတွင်းတူးစက် ကြီးများဖြင့်စက်ရေတွင်းပေါင်း ၂ဝဝ တူးဖော်လှူဒါန်းပေးခဲ့ရာ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တွင် တွင်းရေ ၁၅ဝ မြောက် စက်ရေတွင်းကို အောင်မြင်စွာ တူးဖော်လှူဒါန်းနိုင်ခဲ့ပြီး ဆက်လက်၍လည်း သောက်သုံးရေရှားပါး သောဒေသများတွင် စက်ရေတွင်း တူးစက်ကြီးများဖြင့် ဆက်လက်တူးဖော်လှူဒါန်းပေးလျက်ရှိသည်။
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် ဖောင်ဒေး ရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံအနှံ့ အပြားရှိ ရေရှားပါးခက်ခဲသည့်နေရာ ဒေသများတွင် စက်ရေတွင်းများကို နေ့ညမနား တူးဖော်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရေဂါလန် ၃ဝဝဝ ဆံ့ ရေသယ်ယာဉ်အသစ်များကိုလည်း သောက်သုံးရေအလွန်ရှားပါးခက်ခဲသည့် နေရာဒေသများသို့ သန့် ရှင်းသောသောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးနိုင်ရန် အတွက် စဉ်ဆက်မပြတ် ဆက်လက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
(ဝ၁ဝ)

No comments:

Post a Comment