Saturday, April 1, 2017

ရွှေဘိုမြို့၌ ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ



Image may contain: one or more people
ရွှေဘို မတ် ၃၁
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲ နှင့်စာအုပ်ဈေးရောင်းပွဲတော်ကို မတ် ၂၉ရက်နံနက်ပိုင်းတွင် ''TWS'' ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာစစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ''TWS'' ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးတင်ဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပါတီကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။
ကလေးစာပေပွဲတော်တွင် မူလတန်းအဆင့်ဆေးရောင်စုံခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင် ပွဲ၊အလယ်တန်းဆင့် ပုံပြောပြိုင်ပွဲ၊ ထန်းခေါက်တောင်းဆက်နှင့်ကွင်းထိုး ဖိနပ်စီးလမ်းလျှောက်ပြိုင်ပွဲ၊ ပူဖောင်း သယ်ပြိုင်ပွဲ၊ ခန္ဓာကိုယ်အသုံးပြု ကွင်းလှည့်ပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့သည်။ ပြိုင်ပွဲသို့အခြေခံပညာ ကျောင်းများနှင့်ဘကကျောင်းများမှ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။
ယင်းနောက်ဆုပေးပွဲအခမ်းအနား ကို ကျင်းပရာ ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ခရိုင်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သန်းထိုက်(ရေဦး)

No comments:

Post a Comment