Saturday, April 29, 2017

ရီးယဲလ်ကွင်းလယ်ကစားသမား အစ္စကိုအား ခေါ်ယူရန် လီဗာပူးအသင်းနှင့် ချယ်လ်ဆီးအသင်း အပြိုင်ကြိုးပမ်းနေ

Image may contain: 1 person, beard
လီဗာပူးအသင်းသည် စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းမှ ကွင်းလယ်ကစားသမား အစ္စကိုအား ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိပြီး လီဗာပူးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ အပြိုင်ကြိုးပမ်းရဖွယ်ရှိနေကြောင်း သိရသည်။
လီဗာပူးအသင်းသည် အစ္စကိုအား ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ချိတ်ဆက်မှုများ ပြုလုပ်လျက်ရှိပြီး ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလ အတွင်း ကွင်းလယ်တိုက်စစ်အားသန်သည့် ကစားသမားတစ်ဦးကို ခေါ်ယူ ရန် နည်းပြ ဂျာဂန်ကလော့က စီစဉ်နေခြင်းဖြစ်သည်။
လက်ရှိတွင် လီဗာပူးအသင်း၏ အားထားရသည့် ကစားသမားတစ်ဦး ဖြစ်သည့် ကော်တင်ဟိုကိုလည်း ဘာစီလိုနာအသင်းက ခေါ်ယူရန်ပစ်မှတ် ထားလျက်ရှိပြီး ဘရာဇီးကြယ်ပွင့်ကော်တင်ဟို လီဗာပူးအသင်းမှ ထွက်ခွာ သွားပါက ၎င်းနေရာတွင် အစားထိုးရန် အစ္စကိုအား ခေါ်ယူရန်စီစဉ်နေခြင်း ဖြစ်သည်။
ကွင်းလယ်ကစားသမား အစ္စကိုသည် ရီးယဲလ်မက်ဒရစ်အသင်း၌ ဆက်နေရန် ဆန္ဒရှိနေပြီး ၂ဝ၂၂ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားကြောင်း လည်း သိရသည်။
(ငွေကြယ်)

No comments:

Post a Comment