Wednesday, April 26, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်နိုင်ငံ၊ ဥရောပသမဂ္ဂ(အီးယူ)ဌာနချုပ်၊ ဘယ်လ်ဂျီယံ၊ အီတလီနှင့်ဗြိတိန်နိုင်ငံများသို့ တရားဝင်ခရီးစဉ်များ သွားရောက်မည်


နေပြည်တော် ဧပြီ ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေး၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်သမ္မတနိုင်ငံ ၌ ဧပြီ ၂၉ ရက်တွင် ကျင်းပမည့် (၃ဝ)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများသို့ တက်ရောက်ရန် ဖိလစ်ပိုင်သမ္မတနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံထိပ်သီးအစည်းအဝေးမှ ပြန်လည်ရောက်ရှိပြီးနောက် ဥရောပသမဂ္ဂ (အီးယူ)ဌာနချုပ်သို့လည်းကောင်း၊ ဘယ်လ်ဂျီယံနိုင်ငံ၊ အီတလီနိုင်ငံနှင့် ဗြိတိန်နိုင်ငံသို့ လည်းကောင်း တရားဝင်ခရီးစဉ်များ ဆက်လက်သွားရောက်မည်ဖြစ်သည်။ (သတင်းစဉ်)

No comments:

Post a Comment