
နေပြည်တော် ဧပြီ ၂၅
နိုင်ငံတော်၏ စွမ်းအင်မူဝါဒ ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-2) ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။
မျဉ်းပြိုင်သဘောမျိုး
အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် အချို့နေရာများ၌ ရာသီစုံသွား၍ မရသည့် လမ်းများတွင် ရာသီစုံသွား၍ ရပြီး လျှပ်စစ်မီးမရရှိသည့်နေရာများတွင် လျှပ်စစ်မီးရရှိပါက ကိုယ့်နည်းကိုယ့်ဟန် ဖြင့် စီးပွားရေးအခွင့်အလမ်းများရရှိ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များကလည်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လျှပ်စစ်မီးရရှိပါက ရင်းနှီးမြှုပ်နှံလိုသည့် စိတ်များဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ ပြည်သူ လူထုအား လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးမည် ဖြစ်ပြီး အလုပ်အကိုင်ဖန်တီးပေးရေး ကိုလည်း မျဉ်းပြိုင်သဘောမျိုးဆောင် ရွက်သွားမည်ဖြစ်ကြောင်း။
အားနည်းနေ
လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည် စွမ်းအင်ထက်များစွာတိုးတက်ကြောင်း ပြည်သူများက အသိအမှတ်ပြုသည်ကို မိမိတို့သိရကြောင်း၊ ကျေးလက်တောရွာ နေ လူငယ်များနှင့် တွေ့ဆုံခဲ့ရာတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် သည့်အတွက် ¤င်းတို့ဘဝများ ပိုမို တိုးတက်လာသည်ဟု ပြောကြားသည် ကို မိမိသတိပြုမိကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ပါက ပြည်သူ များသဘောကျမည်ဖြစ်ကြောင်း၊ အလင်း ရောင်ရရှိရေးကို ဂရုစိုက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများကလည်း မိမိဒေသ၏ လိုအပ်ချက်များကို တင်ပြ ကြစေလိုကြောင်း၊ အရေးကြီးသည်မှာ အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းသကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ နှင့် ဗဟိုအစိုးရတို့အကြား ပူးပေါင်း ဆောင်ရွက်မှု အားနည်းနေပါကြောင်း၊ အားလုံးအကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက နိုင်ငံတော်၏စွမ်းအင် မူဝါဒပြင်ဆင်ရေးဆွဲခဲ့မှု အခြေအနေ အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် ရေနံနှင့်သဘာဝ ဓာတ်ငွေ့စီမံရေးဦးစီးဌာန òန်ကြားရေး မှူးချုပ်က နိုင်ငံတော်၏ စွမ်းအင်မူဝါဒ အပေါ် ဌာနဆိုင်ရာသဘောထား မှတ်ချက်များကို ရှင်းလင်းတင်ပြ သည်။
သုံးသပ်ဆွေးနွေး
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စွမ်းအင်ဆိုင်ရာဝန်ကြီး များက နိုင်ငံတော်၏ စွမ်းအင်မူဝါဒ မူကြမ်းအပေါ် သုံးသပ်အကြံပြုတင်ပြ ကြပြီး တက်ရောက်လာကြသူများက သုံးသပ်ဆွေးနွေးတင်ပြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
နိုင်ငံတော်၏ စွမ်းအင်မူဝါဒ မျှော်မှန်းချက်မှာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေပြီး တိုးမြင့်လာသော ပြည်တွင်းစွမ်းအင် လိုအပ်ချက်ကို စဉ်ဆက်မပြတ် ဖြည့် ဆည်းပေးနိုင်ရန် ရည်ရွယ်ကြောင်း၊ ပြည်သူအားလုံး စွမ်းအင်သယံဇာတ အရင်းအမြစ်များကို ရေရှည်တည်တံ့စွာအသုံးပြုနိုင်ရေးဦးတည်လျက် တိုင်း ဒေသကြီးနှင့် ပြည်နယ်များအကြား မျှတမှန်ကန်စွာ ခွဲဝေအသုံးချနိုင်မည့် စွမ်းအင်မူဘောင်တစ်ရပ် ချမှတ်ရန် မျှော်မှန်းထားကြောင်း သိရသည်။
စွမ်းအင်ဈေးနှုန်း
ရည်မှန်းချက်များအနေဖြင့် နိုင်ငံ တော်၏ စီးပွားရေးမူဝါဒသစ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို အထောက်အပံ့ဖြစ်စေ မည့် စွမ်းအင်မူဝါဒအဖြစ်ကျင့်သုံးရန်၊ စွမ်းအင်သယံဇာတ အရင်းအမြစ် ထုတ်ယူရာ ဒေသအပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအကြား ဘက်ညီ မျှတစွာခွဲဝေသုံးစွဲနိုင်စေသည့် အခွင့် အလမ်းများဖန်တီးပေး၍ လူ့စွမ်းအား အရင်းအမြစ်တိုးမြှင့်စေရေး ဆောင်ရွက် ရန်၊ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေသည့် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက် အအုံများရရှိရေး ဦးတည်ဆောင်ရွက်ရန်၊ သဘာဝသယံဇာတ အရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းလျက် လူမှုပတ်ဝန်း ကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေသော စွမ်းအင်ထုတ်လုပ်မှုနှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်သော စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲမှုများဖြင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်မည့် စွမ်းအင် စနစ်တစ်ခုထူထောင်ရန်၊ ရင်းနှီးမြှုပ်နှံ ရာတွင် စွမ်းအင်ထုတ်လုပ်သူနှင့် စွမ်းအင် သုံးစွဲသူတို့ နှစ်ဦးနှစ်ဖက် စီးပွားရေး အာမခံချက်ရှိစေမည့် စွမ်းအင်ဈေးနှုန်း ကို ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း သိရ သည်။
(သတင်းစဉ်)
No comments:
Post a Comment