Sunday, April 2, 2017

ရန်ကုန်မြို့ အဓိကဝင်ပေါက် တံတားကြီးကိုးစင်းအား မော်တော်ယာဉ်ဖြတ်သန်းခွင့် အခမဲ့ခွင့်ပြုပြီ



Image may contain: basketball court, sky and outdoor
ရန်ကုန် ဧပြီ ၁
ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှု လျော့ပါးစေရေးနှင့် ကုန်စည်စီးဆင်းမှု လျင်မြန်သွက်လက်စေရေးအတွက် ရန်ကုန်မြို့တွင်း အဓိက ဝင်ပေါက်တံတားကြီး ကိုးစင်းအား ယနေ့မှစတင်၍ တံတားဖြတ်သန်းခြင်းအတွက် သတ်မှတ်ခွင့်ပြုတန်ချိန် တင်ဆောင်လာသော မော်တော်ယာဉ်များအား အခမဲ့ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး မြို့ပြအင်ဂျင်နီယာမှူးကြီး ဦးသန်းတိုးအောင်၏ ရှင်းပြမှုအရ သိရသည်။
ဆက်လက်၍ ဦးသန်းတိုးအောင်က ''အဓိကဆောင်ရွက်ရခြင်းမှာ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနဲ့ ဝန်ထမ်းတွေ၊ လက်လုပ်လက်စား ဈေးသည်တွေအနေနဲ့ အချိန်နဲ့တစ်ပြေးညီ မိသားစုထံ ပြန်လည်ရောက်ရှိစေ ရေးအပြင် ယာဉ်သွားလာမှုကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ဒါ့အပြင် တံတားဖြတ်သန်းခွင့်အတွက် ငွေကြေးကောက်ခံခြင်းမပြုသလို တန်ပိုတင်ဆောင်လာတဲ့ယာဉ်တွေကိုလည်း တံတားခွင့်ပြုတန်ချိန် ၂ဝ၊ တံတားကြံ့ခိုင်မှုစစ်ဆေးဆဲကာလမှာ ၁၂ တန်သာ ခွင့်ပြုသွားမှာဖြစ်ပါတယ်။ ကုန်တင်မော်တော်ယာဉ်တွေကို တန်ပိုတင်ဆောင်ခြင်း လုံးဝခွင့်ပြုသွားမှာ မဟုတ်ပါဘူး''ဟု ပြောသည်။
ယနေ့ တံတား ကိုးစင်းအနက် ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်တံတားနှင့် ဒဂုံတံတား သန်လျင်အမှတ်(၂)တံတားနှစ်စင်းတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရှိ မြို့ပြအင်ဂျင်နီယာများ၊ လမ်းနှင့် တံတားအင်ဂျင်နီယာအဖွဲ့များက မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီခွဲအထိ ယာဉ်သွားလာမှုအခက်အခဲမရှိစေရန် အနီးကပ်ကြီးကြပ်ပေးကြကြောင်း သိရသည်။
(စောသိန်းဝင်း)

No comments:

Post a Comment