Wednesday, April 26, 2017

ယီမင်ငြိမ်းချမ်းရေးအဖြေရှာရန် ငြိမ်းချမ်းစွာဆွေးနွေးမှုဖြင့် ချဉ်းကပ်သင့်ကြောင်း ဂူတာရက်စ်ပြောကြား

Image may contain: 3 people

ဂျီနီဗာ ဧပြီ ၂၅ 

ယီမင် အပစ်အခတ်ရပ်စဲရေးအတွက် တစ်ခုတည်းသော နည်းလမ်းမှာ နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာခြင်းပင် ဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်မှသာလျှင် ယီမင်ပြည်သူများခံစားနေရ သော ဘေးဒုက္ခအပေါင်းမှ လွတ်မြောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဧပြီ ၂၅ ရက်က ပြောကြားခဲ့သည်။
ယနေ့ခေတ်အချိန်အခါသည် ယီမင်နိုင်ငံအနေဖြင့် ဝမ်းနည်းဖွယ်ကိစ္စရပ်များ အမြောက်အမြားရင်ဆိုင်ခံစားနေရသည့် အချိန်အခါဖြစ်ကြောင်း၊ နှစ်နှစ်ကြာဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ယီမင်ပြည်သူများ အသက်အိုးအိမ်စည်းစိမ်များပျက်စီးခဲ့ရကြောင်း စသည်ဖြင့် ယီမင်နိုင်ငံဆိုင်ရာ လူသား ချင်းစာနာနားလည်မှုအဆင့်မြင့် အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောကြားခဲ့သည်။
စစ်ပွဲသည် နိုင်ငံ့စီးပွားရေးကို ပျက်စီးစေရုံသာမက ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကိုပါ ဆုတ်ယုတ်စေ ကြောင်း၊ ထို့ပြင် လူ သုံးသန်းကိုလည်း အိုးမဲ့အိမ်မဲ့ဖြစ်စေကြောင်း၊ နိုင်ငံရေးမတည်ငြိမ်သဖြင့် စိုက်စားပျိုးစား၍ မရနိုင်သလို အခြေချနေထိုင်၍လည်းမဖြစ်ကြောင်း ¤င်းကဆက်လက် ပြောကြားသည်။ အခြေခံဝန်ဆောင်မှုများအားလုံး ပျက်စီး သွားပြီဖြစ်ကြောင်း၊ လူသန်းပေါင်းများစွာ ရောဂါဘယများနှင့် စိုးရိမ်ထိတ်လန့်မှုများကို ခံစားနေရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂစာရင်းဇယားများအရ လူဦးရေ၏ သုံးပုံနှစ်ပုံ သို့မဟုတ် ၁၉ သန်းနီးပါးခန့်သည် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် လူဦးရေ ၁၇ သန်းခန့် သည် အစားအစာလုံလောက်မှုမရှိသည့် ပြဿနာများအပြင် က္ဘာ့အဆိုးရွားဆုံး အစာရေစာငတ်မွတ်မှုကို ခံစားနေရ ကြောင်း သိရသည်။
ယီမင်နိုင်ငံဆိုင်ရာ အထူးသံတမန်အား ပါတီများအချင်းချင်း ငြိမ်းချမ်းရေးဆွေးနွေးမှုဖြင့် ဆီးရီးယားအကျပ်အတည်းကို အဖြေရှာရေး ဝိုင်းဝန်းကူညီပေးရန် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်က တိုက်တွန်းလိုက်သည်။ ယီမင်နိုင်ငံကို မြေပေါ်၊ မြေအောက်မကျန် အဘက်ဘက်မှ ကူညီပေးရန် လူတိုင်းကို တိုက်တွန်းကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြား ခဲ့သည်။ (ဆင်ဟွာ)

No comments:

Post a Comment