ဆိုးလ် ဧပြီ ၂၅
မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များအပေါ် စိုးရိမ်
မှုများ မြင့်တက်လာချိန်တွင် နိုင်ငံ၏ စစ်အင်အားကို
ထုတ်ဖော်ပြသသည့် အနေဖြင့် အမေရိကန်ရေငုပ်သင်္ဘော သည်
တောင်ကိုရီးယားရေပိုင်နက် အတွင်းသို့ ဝင်ရောက်လာခဲ့ပြီဖြစ်ရာ
မြောက်ကိုရီးယားသည် အင်္ဂါနေ့တွင် နိုင်ငံ၏ တပ်မတော်အင်အားခိုင်မာ
တောင့်တင်းမှုကို သတိပြုမိစေမည့် လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုများ
အကြီးအကျယ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အမေရိကန် လေယာဉ်တင်သင်္ဘော ပါဝင်သည့် တိုက်ခိုက်ရေးအုပ်စုသည် ကိုရီးယားရေပိုင်နက်အတွင်းသို့ ဦးတည် ဝင်ရောက်လာခဲ့သလို တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့မှ မြောက် ကိုရီးယားနိုင်ငံ၏ မူဝါဒဆိုင်ရာ ထိပ်တန်း သံတမန်များသည် တိုကျိုမြို့၌ တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အနည်း ငယ်အတွင်းက မြောက်ကိုရီးယားနိုင်ငံ သည် အမေရိကန်က ချမှတ်လိုက်သည့် ပိတ်ဆို့အရေးယူမှုများကို လိုက်နာခြင်း မရှိသည့် နောက်ထပ်တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုတစ်ခုကို ထပ်မံပြုလုပ်တော့ မည့်အခြေအနေအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။
သို့သော် နိုင်ငံတကာကစိုးရိမ် ထားသကဲ့သို့ မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်မှု ပြုလုပ်မည့်အစား အရှေ့ဘက်ကမ်းရိုးတန်းရှိ ဝန်ဆမ်ဒေသ အတွင်း၌ လက်နက်ကြီးပစ်ခတ်သည့် စစ်ရေးလေ့ကျင့်မှုအတွက် တာဝေးပစ် အမြောက်တပ်ဖွဲ့ဝင် အမြောက်အမြား ကို ဖြန့်ကြက်ထားခဲ့ကြောင်း တောင် ကိုရီးယားတပ်မတော်က ပြောကြားခဲ့ သည်။
ဝန်ဆမ်၌ မြောက်ကိုရီးယား လေတပ်အခြေစိုက်စခန်း တစ်ခုရှိပြီး အဆိုပါနေရာ၌ ဒုံးကျည်စမ်းသပ်မှုများ ကိုလည်း ပြုလုပ်ခဲ့ဖူးကြောင်း သိရ သည်။
အင်္ဂါနေ့ညနေပိုင်းက မြောက် ကိုရီးယားသည် ဝန်ဆမ်၌အမြောက်ပစ်ခတ်လေ့ကျင့်မှုများကို အကြီးအကျယ် ပြုလုပ်လျက်ရှိကြောင်းနှင့် တောင် ကိုရီးယားတပ်မတော်က အခြေအနေ များကိုစောင့်ကြည့်ကာ အသင့်ရင်ဆိုင် ရန် စီမံထိန်းချုပ်မှုများလုပ်ဆောင်လျက် ရှိကြောင်း၊ တောင်ကိုရီးယားပူးတွဲ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပြောကြားခဲ့ ကြောင်း သိရသည်။
(ရိုက်တာ)

No comments:
Post a Comment