Saturday, April 1, 2017

ဥပဒေဆိုင်ရာကိစ္စရပ်များ အမြင်ချင်းဖလှယ်ဆွေးနွေး



Image may contain: 3 people, people sitting and indoor
နေပြည်တော် မတ် ၃၁
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်နိုင်ငံသံအမတ်ကြီး H.E.Mr. Scot Marciel ၊ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E.Mr. Andrew Patrick နှင့် ဥရောပသံအမတ်ကြီး H.E.Mr.RolandKobia တို့အား ယနေ့နံနက် ၉နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဥပဒေဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment