Sunday, April 2, 2017

နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်မည်


နေပြည်တော် ဧပြီ ၁

နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာ သက်တမ်းကာလအတွင်း ဆောင်ရွက်ခဲ့မှု များနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းစည်းဝေးခန်မ၊ ရုံးအမှတ်(၇)၊ နေပြည်တော်၌ ကျင်းပသွားမည် ဖြစ်ရာ ပထမအစီအစဉ်အဖြစ် ဧပြီ ၄ ရက် မွန်းလွဲ ၁ နာရီတွင် အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ဖြင့်လည်းကောင်း၊ ဧပြီ ၆ ရက် မွန်းလွဲ ၁ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ဖြင့် လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
တက်ရောက်သတင်းရယူလိုသည့် ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများ အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနခွဲ၊ e-mail: ir.pso.moi 2015@gmail.com လိပ်မူ၍ အမည်၊ သတင်းဌာန၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ လိပ်စာ(e-mail လိပ်စာ) တို့အား ပေးပို့ရန်နှင့် ဆက်လက်ရှင်းလင်းမည့် ဝန်ကြီးဌာနများနှင့် ရှင်းလင်းပွဲပြုလုပ်မည့် နေ့ရက်များအား ကြိုတင်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment