Friday, April 28, 2017

အရှေ့တောင်အာရှနိုင်ငံများ၏ ပညာရေးဝန်ကြီးများ ကောင်စီဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့ ရောက်ရှိ




 နေပြည်တော် ဧပြီ ၂၇

 
ထိုင်းနိုင်ငံအခြေစိုက် အရှေ့တောင်အာရှနိုင်ငံများ၏ ပညာရေးဝန်ကြီးများကောင်စီဥက္ကဋ္ဌ H.E. Dr. Teerakiat Jareon Settasin ဦးဆောင်သော အဖွဲ့ဝင် ကိုးဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။
ပညာရေးဝန်ကြီးများကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့အား ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ ဂျတ်ခ်ဘွန်လုံတို့က လေဆိပ်၌ ကြိုဆိုကြသည်။
(သတင်းစဉ်)

No comments:

Post a Comment