Friday, April 28, 2017

နယ်သာလန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်



 နေပြည်တော် ဧပြီ ၂၇


နယ်သာလန်နိုင်ငံဘုရင် ဝီလီယမ် အလက်ဇန်းဒါး မွေးနေ့အထိမ်းအမှတ် နယ်သာလန်အမျိုးသားနေ့ အခမ်းအနား နှင့် မြန်မာ-နယ်သာလန် သံတမန် ဆက်သွယ်မှု နှစ်(၇ဝ)ပြည့် အထိမ်း အမှတ် အခမ်းအနားကို ယနေ့ ညနေပိုင်း တွင် နေပြည်တော်ရှိ Lake Garden ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာ ရွှေလွမ်းတို့ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနှင့် နယ်သာလန် နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် နယ်သာလန်နိုင်ငံဘုရင် ဝီလီယမ် အလက်ဇန်းဒါး မွေးနေ့အထိမ်းအမှတ် နယ်သာလန် အမျိုးသားနေ့အခမ်းအနား ကို စတင်ဖွင့်လှစ်ပြီး နယ်သာလန်နိုင်ငံ သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မြန်မာနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်မှစတင်၍ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ခြင်း သည် မိမိတို့ နှစ်နိုင်ငံဆက်ဆံရေးသမိုင်း တွင် ထူးခြားသော မှတ်တိုင်တစ်ရပ်ဖြစ်ပါ ကြောင်း၊ နယ်သာလန်နိုင်ငံသည် မြန်မာ နိုင်ငံ၏ မိတ်ဆွေဟောင်းနိုင်ငံ တစ်နိုင်ငံ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသော မိတ်ဖက်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါ ကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများသည် မကြာသေးမီ နှစ်များအတွင်း သိသိသာသာ တိုးတက် လာပါကြောင်း။

မြန်မာနိုင်ငံ၏ ရေအရင်းအမြစ် စီမံ ခန့်ခွဲမှု၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု ကဏ္ဍများ အပါအဝင် ကဏ္ဍအတော် များများ၌ နယ်သာလန်နိုင်ငံမှ ဖွံ့ဖြိုး တိုးတက်မှု အကူအညီများပေးအပ်နေ သည်ကို များစွာဝမ်းမြောက်မိပါကြောင်း၊ ဘက်စုံရေအရင်းအမြစ် စီမံခန့်ခွဲမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့ သည် ၂ဝ၁၃ ခုနှစ်တွင် နားလည်မှု စာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ ကြပါကြောင်း၊ အမျိုးသား ရေအရင်း အမြစ်ကော်မတီ (အင်န်ဒဗလျူအာစီ)၏ ဥက္ကဋ္ဌအနေဖြင့် မိတ်ဖက်နိုင်ငံများ၊ နိုင်ငံတကာနှင့် ပြည်တွင်းမှ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ စိတ်ပါ ဝင်စားသည့် တစ်သီးပုဂ္ဂလများအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်း ချက်များ အကောင်အထည်ဖော်ရာတွင် မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ပူးပေါင်းဆောင်ရွက်ပြီး အကူအညီများ ပေးအပ်သွားမည်ကိုလည်း ကြိုဆိုပါ ကြောင်း။

နှစ်ဖက် ပူးပေါင်းကြိုးပမ်း အားထုတ် မှုနှင့် မိမိတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေး သည် လာမည့်ကာလများတွင် တိုးတက် မြင့်မားလာပြီး ချစ်ကြည်ရင်းနှီးမှုသည် လည်း ပိုမိုခိုင်မာလာမည်ဟု မိမိအနေဖြင့် အခိုင်အမာယုံကြည်ပါကြောင်း။

ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော နယ်သာလန်နိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ်နှင့် မြန်မာ-နယ်သာလန် သံတမန်ဆက်ဆံရေး နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် အခါသမယတွင် သံအမတ်ကြီး မစ္စတာ ဝေါင်တာရာဂန် အား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နယ်သာလန်နိုင်ငံနှင့် ပြည်သူများအနေ ဖြင့်လည်း ဆက်လက်ဖွံ့ဖြိုးတိုးတက် ချမ်းသြာ<ွကယ်ဝပါစေကြောင်း ဆုမွန် ကောင်း တောင်းသည်။ 

ယင်းနောက် ဒုတိယသမ္မတသည် သံအမတ်ကြီး မစ္စတာ ဝေါင်တာရာဂန်၊ တက်ရောက်လာကြသူများနှင့် အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြ သည်။

အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ အမျိုးသားလုံခြုံရေး ဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment