Friday, April 28, 2017

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဂျာမနီတပ်မတော်စစ်ဦးစီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို



 နေပြည်တော် ဧပြီ ၂၇


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဂျာမနီတပ်မတော် စစ်ဦး စီးချုပ် General Volker Wieker ၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဧပြီ ၂၆ ရက်က ဂျာမနီနိုင်ငံTegel အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။  

 မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် အောင်ကျော်မိုးနှင့် ဇနီးတို့က ကြိုဆိုကြပြီး ဂျာမနီတပ်မတော်မှ Commandant of the Engineers Training Center and Director of the Engineer Corps, Brigadier General Lutz NIEMANN နှင့်ဇနီးတို့က ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုကြသည်။
ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား မြူးနစ်မြို့ အခြေစိုက်ွ G & D Security Printingကုမ္ပဏီမှ ညစာဖြင့်တည်ခင်းဧည့်ခံသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ယနေ့ နံနက် ဒေသစံတော်ချိန် ၁ဝ နာရီတွင် ဂျာမနီတပ်မတော်စစ်ဦးစီးချုပ် General Volker Wieker က ဂျာမနီနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဂျာမနီတပ်မတော်စစ်ဦးစီး ချုပ်နှင့်အတူ ဂျာမနီတပ်မတော်၏ ကျဆုံးစစ်သည်ဗိမာန် Bundeswehr Memorialူ သို့သွားရောက်၍ ပန်းခွေချအလေးပြုသည်။ 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျာမနီတပ်မတော် စစ်ဦးစီး ချုပ်တို့သည် ကာကွယ်ရေးဝန်ကြီးဌာနအတွင်းရှိ စစ်ဦးစီးချုပ်ရုံးခန်းတွင် တွေ့ဆုံ ဆွေးနွေးကြသည်။ 

ထိုသို့ဆွေးနွေးစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အကြမ်းဖက်မှု နှိမ်နင်း ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းအချက်အလက် ဖလှယ်ခြင်းများကို ဆောင်ရွက်သွားလိုကြောင်း၊ ဂျာမနီတပ်မတော်စစ်ဦးစီးချုပ်ကိုလည်း မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်လာရောက်ရန် ဖိတ်ကြားအပ်ပါကြောင်း ပြောကြား ခဲ့သည်။

ဂျာမနီတပ်မတော်စစ်ဦးစီးချုပ်က ယခုခရီးစဉ်မှစ၍ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများကို မူလကထက် ပိုမို၍ ဆက်လက်တိုးမြှင့် တည်ဆောက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ် များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မြန်မာ့တပ်မတော် အရာရှိများအား ဂျာမနီနိုင်ငံသို့ သင်တန်းများ စေလွှတ်တက်ရောက်ခြင်း၊ နယ်ပယ်များအလိုက် လေ့လာရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ရေးများကို ဆောင်ရွက် သွားလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment