Saturday, April 1, 2017

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်အစည်းအဝေး (၇/၂ဝ၁၇) ကျင်းပ


Image may contain: 1 person
နေပြည်တော် မတ် ၃၁
မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်အစည်း အဝေး (၇/၂ဝ၁၇)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည် တော်ရှိ ရုံးအမှတ်(၁၈) နိုင်ငံတော်သမ္မတရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေက ကုလသမဂ္ဂ လူ့အခွင့် အရေးကော်မရှင် အစီရင်ခံစာပါအချက်များနှင့် စပ်လျဉ်း၍ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် မောင်တောဒေသသို့ ကွင်းဆင်းသွားရောက်လေ့လာ စုံစမ်း မေးမြန်းခဲ့ကြောင်း၊ ထို့အပြင် မောင်တောဒေသဖြစ်စဉ် များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည် ဆိုသည့် ဒုက္ခသည်များကိုလည်း ဖြစ်စဉ်နှင့်ပတ်သက်၍ သွားရောက်တွေ့ဆုံမေးမြန်းမှုများဆောင်ရွက်ခဲ့ကြောင်း။
ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်အစီရင်ခံ စာပါ တမ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာများ နှင့် စပ်လျဉ်း၍ တပ်မတော်မှ တပ်မတော်စစ်ဆေးရေးအရာ ရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲရေးချုပ် ရဲမှူးချုပ်ဝင်းထွန်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့တို့က မောင်တောဒေသသို့ အသေးစိတ် သွားရောက် စုံစမ်းစစ်ဆေးခဲ့ကြကြောင်း၊ အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့များ၏ စစ်ဆေးတွေ့ရှိချက် အသေးစိတ်အစီရင်ခံစာ များသည် မိမိထံရောက်ရှိနေပြီဖြစ်ကြောင်း၊ ¤င်းစုံစမ်း စစ်ဆေးရေးအဖွဲ့များသည် သတ်မှတ်ထားသည့် လုပ်ထုံးလုပ် နည်းများနှင့်အညီ မြေပြင်သို့ကွင်းဆင်း၍ စနစ်တကျ စစ်ဆေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ကော်မရှင်၏ အစီရင်ခံစာ၌ စစ်ဆေးတွေ့ရှိချက်အားလုံးကို ခြုံငုံ၍ ပြည့်ပြည့်စုံစုံ သုံးသပ်တင်ပြနိုင်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေး၌ ကော်မရှင်အဖွဲ့ဝင်များက လွတ်လပ်စွာဆွေးနွေးကြရန် ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေ က ကော်မရှင်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အခြေ အနေ၊ အပြီးသတ် အစီရင်ခံစာနှင့် အစီရင်ခံစာအကျဉ်းချုပ် ရေးသားခြင်းနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်၊ ဦးထွန်းမြတ်၊ ဒေါက်တာအောင်ထွန်းသက်၊ ဦးညွန့်ရွှေ၊ ဒေါက်တာလှမောင်၊ ဦးစောသလေးစော၊ ဒေါ်ကျိန်ငိုက်မန်၊ ဦးသာဥာဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ဇော်ဝင်းနှင့် ဦးအောင်နိုင်တို့က အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။
(သတင်းစဉ်)

No comments:

Post a Comment