Saturday, April 29, 2017

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကာမရာဂစိတ်ကြွဆေးများနှင့် လိင်ဆက်ဆံရာတွင် အသုံးပြုသည့် ပစ္စည်းရောင်းချသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ

No automatic alt text available.
နေပြည်တော် ဧပြီ ၂၈
ကာမရာဂစိတ်ကြွဆေးများနှင့် လိင်ဆက်ဆံရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား အင်တာနက် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ပြည်သူ များအား ဆက်သွယ်ရောင်းချမှုများရှိနေကြောင်း သိရှိရသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းများ ရယူပြီး ဖမ်းဆီးအရေးယူခဲ့ရာ ဧပြီ ၂၅ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် မင်းကြီး လမ်း အင်းစိန်ဆေးရုံရှေ့၌ ရွှေပေါက္ကံမြို့သစ် (၁၇)ရပ်ကွက်နေ မျိုးဇင်မင်း(ခ)မျိုးဇင်လင်း(ခ)မင်းမင်းအား အမျိုးသမီးများ ကာမစိတ်နိုးကြွစေ သည့် အစက်ချဆေး(Sex Drops) လေးဘူးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်း၏ ဖော်ထုတ်ချက်အရ ယင်းနေ့ညနေ ၃ နာရီခွဲခန့်တွင် မှုခင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ကျောက်တံတားမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကျောက်တံတားမြို့နယ် (၂)ရပ်ကွက် အနော်ရထာလမ်း (မ/၁၆ဝ) လေးလွှာ နေ ဝီဂျေးကူးမား(ခ)ကျော်သူ(ခ) ကျော်ကြီး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ခွင့်ပြုချက်မရှိဘဲ ပြည်ပမှတင်သွင်းထားသည့် ကျားအင်္ဂါတု ၁၃ ခု၊ မအင်္ဂါတု လေးခု၊ ကျား တန်ဆာသုံးဂေါ်လီကွင်း ၇ဝ ခု၊ မစိတ်ဖြေပစ္စည်း ၁၅ ခု၊ အမျိုးသား/ အမျိုးသမီး လေ့ကျင့်ရေးစက် ၃၈ ခု၊ ကျားတန်ဆာ ကြီးထွားကျင့်ပြောင်း ငါးခု၊ အမျိုးသမီးရင်သား လေ့ကျင့်စက် သုံးခု၊ ကာမစိတ်ဖြေကျင့်စက်/ စိတ်ဖြေပစ္စည်း ၉၆ ခု၊ လိင်ဆက်ဆံရာတွင် အသုံးပြု သည့် ချောဆီ ၂၇ ဘူး၊ အမျိုးသမီး ကာမစိတ်ကြွဆေး တစ်ဘူး၊ အမျိုးသမီးအင်္ဂါကျဉ်း လိမ်းဆေး ၁၄၄ ဘူး၊ အမျိုးသားကာမ အားတိုးသောက်ဆေး/ဖျန်းဆေး/ ကြာဆေး ဘူး ၅၈ဝ၊ ပစ္စည်းပေးပို့သည့် ဘောက်ချာ ငါးရွက်၊ ငွေကျပ် ၄၇၈၈၅ဝ အား သိမ်းဆည်းရမိခဲ့ သည်။
အလားတူ ဧပြီ ၂၆ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့် တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် သံလျက်မှော်တောင်ရပ်ကွက် ကန်တော်ကြီး ပတ်လမ်းရှိ လက်ဖက်ရည်ဆိုင်အနီးတွင် ကာမ စိတ်ကြွဆေးများ ရောင်းချနေကြောင်း သတင်းအရ ချမ်းမြသာစည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်နေ သီဟမောင်မောင်နှင့် တစ်ရပ်တည်းနေ ပြည့်ဖြိုး အောင်တို့နှစ်ဦးထံမှSpanish Tog Ophery စာတန်းပါ အမျိုးသမီးသုံး ကာမစိတ်ကြွဆေးရည် နှစ်ပုလင်း၊Vimax အမျိုးသားသုံး ဟိုမုန်းဆေးဘူး လေးဘူး၊ ရောင်းရငွေကျပ် ၅ဝဝဝဝ တို့နှင့်အတူ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် အမျိုးသားဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)

No comments:

Post a Comment