Saturday, April 29, 2017

နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာလုပ်ငန်းစဉ်များ သွားရောက်လေ့လာမည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး



 နေပြည်တော် ဧပြီ ၂၈

 

 ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းသည် နယူးဇီလန်သံအမတ်ကြီး H.E. Mr. Steve Marshall အား ယနေ့ နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နယူးဇီလန်နိုင်ငံ၏ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ချက်များ၊ နယူး ဇီလန် နိုင်ငံ့ဝန်ထမ်းစနစ်အတွင်း နိုင်ငံရေး အရ ခန့်အပ်မှုဆိုင်ရာများ၊ ယင်းတို့နှင့် ဆက်နွှယ်သည့် မူဝါဒစည်းမျဉ်းများနှင့် နယူးဇီလန်နိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းပြုပြင် ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစဉ်များကို မေလဒုတိယပတ်အတွင်း သွားရောက် လေ့လာမည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။ 

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရာထူးဝန် အဖွဲ့ ၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် ညွှန်ကြားရေးမှူး ဒေါ်သက်သက်ကျော်တို့ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment