Friday, April 28, 2017

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအဖွဲ့ ဘူးသီးတောင်အကျဉ်းထောင် သွားရောက်လေ့လာ



 နေပြည်တော် ဧပြီ ၂၇


အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)အဖွဲ့မှ Mr.Jacque Ducros De Lafarga De Romefort ဦးဆောင်သောအဖွဲ့ဝင် ၁ဝ ဦးတို့ သည် ယမန်နေ့ နံနက်ပိုင်းက အကျဉ်းဦးစီးဌာန ဘူးသီးတောင်အကျဉ်းထောင်သို့ သွားရောက် လေ့လာကြသည်။ 

 အဆိုပါအဖွဲ့သည် တာဝန်ခံအရာရှိရုံးခန်း၌ တာဝန်ခံအရာရှိ ဦးချမ်းအေးကျော် နှင့် တွေ့ဆုံ၍ အကျဉ်းထောင်တွင် အကျဉ်းသား၊ အကျဉ်းသူများထားရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ထောင်ဝင်စာတွေ့ဆုံပေးမှု၊ အိမ်နှင့်စာဆက်သွယ်ရေးသားပေးပို့မှု၊ နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူနှင့်(ဧည့်အချုပ်သား) ထိန်းသိမ်းထားရှိမှု၊ သက်ငယ်အချုပ်သားများအား ထိန်းသိမ်းထားမှုတို့နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

ထို့နောက် ICRC အဖွဲ့ သည် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား အိပ်ဆောင် (၁၊၂၊၃၊၄)၊ ဆေးရုံဆောင်၊ စားဖိုကြီး၊ အမျိုးသမီးအိပ်ဆောင် ပြစ်ဒဏ်တိုက်နှင့် သီးသန့်တိုက်တို့အား လှည့်လည်ကြည့်ရှုလေ့လာကြသည်။

မွန်းလွဲပိုင်းတွင် ICRC အဖွဲ့သည် အဖွဲ့လေးဖွဲ့ခွဲ၍ အကျဉ်းထောင်အတွင်း ဝင်ရောက်လေ့လာကြပြီး အဖွဲ့ (၁)သည် အကျဉ်းသား အိုဖ်နာတာ(ခ)ရှော်ဖီအူလာနှင့် အာလီအာမောက်တို့ကိုလည်းကောင်း၊ အဖွဲ့ (၂)သည် အကျဉ်းသား တင်မျိုးဆွေနှင့် အကျဉ်းသား အိပ်ဆောင်မှူး ချစ်ကိုကို တို့ကိုလည်းကောင်း တွေ့ဆုံခဲ့သည်။

အလားတူ အဖွဲ့ (၃)သည် အကျဉ်းသားအိပ်ဆောင် (၁၊ ၂၊ ၃၊ ၄)ရှိ အကျဉ်းသား အချုပ်သားများအားICRC နှင့် ပတ်သက်၍ သိကောင်းစရာများအား ရှင်းလင်း ပြောကြားခဲ့ကြပြီး အဖွဲ့ (၄)သည် အကျဉ်းသားအချုပ်သား အိပ်ဆောင် တာဝန်ကျ အကျဉ်းထောင်တပ်သား ဆန်းဝင်းထွန်း၊ အချုပ်သား ဆာဒက်ဟူဆိန်း၊ ဆွေယော့နု၊ ဇူအာလောင်၊ အီမာန်ဟူဆောင်းနှင့် အာမိန်ဟူဆောင်းတို့ ငါးဦးအား တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment