Friday, April 28, 2017

ပြည်သူ့ဝန်ဆောင်မှု မီဒီယာသို့အရွေ့ အလုပ်ရုံဆွေးနွေးပွဲကျင်းပ





 နေပြည်တော် ဧပြီ ၂၇


အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေ ကြမ်းအား ဆက်လက်အကောင်အထည် ဖော်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် အာတီကယ် ၁၉ တို့ ပူးပေါင်းစီစဉ်သည့် ပြည်သူ့ဝန်ဆောင်မှုမီဒီယာသို့ အရွေ့ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပ သည်။ 

 အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေနှင့် အာတီကယ် ၁၉ စီမံကိန်းမန်နေဂျာ မယဉ်ရတနာသိန်းတို့က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားကြသည်။

ထို့နောက် အများပြည်သူဝန်ဆောင် မှု မီဒီယာနှင့် နိုင်ငံတကာ စံချိန်စံòန်း များ၊ တိုင်းရင်းသားမီဒီယာများ ရှင်သန် ဖွံ့ဖြိုးရေးအတွက် PSMအပေါ် တည်မှီ နေမှု၊ မြန်မာနိုင်ငံ ကျင့်သုံးသင့်သော PSMအမျိုးအစားများ၊ နိုင်ငံပိုင်မီဒီယာ မှ အများပြည်သူဝန်ဆောင်မှု မီဒီယာသို့ ကူးပြောင်းသင့်သည့်ပုံစံများ၊ PSMအမျိုးအစားများနှင့် ပတ်သက်သည့် ဆွေးနွေးမှုအပေါ် ပါဝင်ပတ်သက်သူများ ၏ အခန်းကဏ္ဍ၊ ဘဏ္ဍာရေးနှင့် ကြော်ငြာ ကဏ္ဍဆိုင်ရာ အရင်းအမြစ်များကဏ္ဍ တို့ကို အကျယ်တဝင့် ဆွေးနွေးကြသည်။

မြန်မာနိုင်ငံ၏ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းကို ၂ဝ၁၃ ခုနှစ်တွင် ရေးဆွဲ၍ လွှတ်တော်သို့ တင်သွင်းခဲ့သည်။ မီဒီယာဥပဒေကြမ်း အား ပိုမိုပြည့်စုံစွာ ရေးဆွဲနိုင်ရေးအတွက် ၂ဝ၁၅ ခုနှစ်တွင် လွှတ်တော်က ပြန်လည် ရုပ်သိမ်းခဲ့သည်။ အဆိုပါ ဥပဒေကြမ်းအား ဆက်လက်အကောင်အထည်ဖော် ရေးဆွဲ နိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းနှင့် အာတီကယ် ၁၉ တို့က ယနေ့တွင် စတင် ညှိနှိုင်းဆွေးနွေးကြခြင်း ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေက ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ တွင် မူလအများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေ၏ လိုအပ်ချက်များ၊ ထပ်မံ ဖြည့်စွက်ရမည့်အချက်များကို အကောင်း ဆုံးဖြစ်အောင်၊ ပိုမိုပြည့်စုံအောင် ညှိနှိုင်း ဆွေးနွေးသွားမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း ပြောကြားသည်။

အာတီကယ် ၁၉ စီမံကိန်းမန်နေဂျာ မယဉ်ရတနာသိန်းက မီဒီယာဥပဒေကြမ်း ရေးဆွဲနေမှု ခေတ္တရပ်ဆိုင်းထားသည် ကို ဆက်လက်ဆောင်ရွက်သွားနိုင်ရန်၊ ပြန်ကြားရေးဝန်ကြီးဌာန၏ စီစဉ်ဆောင် ရွက်နေမှုများတွင် အရပ်ဘက်အဖွဲ့အစည်း များအနေဖြင့် ပါဝင်အားဖြည့်ဆောင်ရွက် ရမည့် အခန်းကဏ္ဍများကို ဆွေးနွေးသွား ကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

အလုပ်ရုံဆွေးနွေးပွဲသို့ ပြန်ကြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ သတင်းစာဆရာအသင်း၊ Pen Myanmar ၊ မြန်မာနိုင်ငံ အမျိုးသမီး သတင်းထောက်များအသင်း၊ နိုင်ငံ တကာ မြန်မာ့သတင်း၊ မြန်မာမီဒီယာ ရှေ့နေများကွန်ရက်၊ မြန်မာဂျာနယ်လစ် ကွန်ရက်နှင့် အာတီကယ် ၁၉ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment