Saturday, April 29, 2017

ဥပဒေကြမ်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေး



နေပြည်တော် ဧပြီ ၂၈


ပည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် သည် နယူးဇီလန်သံအမတ်ကြီးH.E.Mr.Steve Marshall အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံရေးရာဆောင် အမှတ်(I-2) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဥပဒေကြမ်းကော်မတီဖွဲ့စည်းထားရှိမှု၊ ဥပဒေပြုရေးကိစ္စရပ်များ၊ ဥပဒေကြမ်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် မြန်မာ-နယူးဇီလန် လွှတ်တော်ဖွဲ့စည်းပုံ၊ ကော်မတီဖွဲ့စည်းပုံများနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment