Saturday, April 1, 2017

အိတ်ဇောပိုက်၊ သံစုံဟွန်းတို့ကို သိမ်းဆည်းပြီး လမ်းကြိတ်စက်ဖြင့် ဖျက်ဆီး

Image may contain: one or more people and outdoor
ချောက် မတ် ၃၁
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပတ္တမြားရပ်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက် ၁၁ နာရီက ၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွင်း သိမ်းဆည်းခဲ့သည် ဆူညံသံဖြစ်ပေါ်စေသော အိတ်ဇောပိုက် ၂၅၅ ခုနှင့် သံစုံဟွန်း ၁၁ဝ တို့ကို လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါဖျက်ဆီးသည့်နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးသန်း၊ မြို့နယ်ရဲမှူးအေးလွင်၊ မြို့မစခန်းမှူး ဒု-ရဲမှူး ခင်မောင်ရွှေနှင့် တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများအင်အား စုစုပေါင်း ၁၅ဝ ခန့် ကြည့်ရှုခဲ့သည်။
ဆက်လက်၍မော်တော်ယာဉ် စီးနင်းသူပိုင်ရှင်များ၊ မော်တော် ယာဉ်အင်္ဂါရပ်နှင့် မညီညွတ်ဘဲစီးနင်းသူများ၊ ယာဉ်မောင်းလိုင်စင် မပါဘဲ စီးနင်းသူများကို သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် သင်္ကြန်ကာလတွင်လည်း အထူးကြပ်မတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)

No comments:

Post a Comment