Saturday, April 1, 2017

မင်းဘူးမြို့ အမှတ်(၁)အောင်မြေဈေးလမ်း၌ မီးလောင်မှုဖြစ်ပွား

Image may contain: 1 person
မင်းဘူး မတ် ၃၁
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ်(၁) အောင်မြေဈေးလမ်း အိမ်ပိုင်ရှင် ဦးရဲအောင်ကျော်၏နေအိမ်တွင် မတ် ၃၁ ရက် နံနက် ၉ နာရီက နေအိမ်တွင် ခြင်ဆေးခွေထွန်းထားရာမှ အိပ်ရာသို့ ကူးစက်ပြီးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မင်းဘူးမြို့ အမှတ်(၁) အောင်မြေဈေးလမ်း အိမ်ပိုင်ရှင် ဦးရဲအောင်ကျော်၏နေအိမ်တွင် ခြင်ဆေးခွေထွန်းထားရာမှ အိပ်ရာသို့ ကူးစက်ပြီး နှစ်ခန်းတွဲ(သွပ်မိုး၊ထရံကာ၊ မြေစိုက်)အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ မင်းဘူးမြို့ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် နှစ်စီးတို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ရာ နံနက် ၉ နာရီ မိနစ် ၂ဝ ခန့်တွင် မီးငြိမ်းသွားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲ(ပ)နံပါတ် ၇၄၂/၂ဝ၁၇၊ ပုဒ်မ(၂၈၅)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment