Thursday, April 27, 2017

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အစိုးရ၊ ပုဂ္ဂလိကနှင့်ပြည်သူများ ပူးပေါင်းမှသာ အောင်မြင်မည်

Image may contain: 5 people, food


နေပြည်တော် ဧပြီ ၂၆

နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိသည့် အရေးကြီး ဦးစားပေးကဏ္ဍ (Urgent Priorities) များတွင် ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးကိုအထောက်အကူပြုသည့် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေကြောင်း အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။
ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂ဝ၁၇)တွင် ဒုတိယသမ္မတက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယသမ္မတက ခရီးသွားလုပ်ငန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ယခင်နှစ်များအတွင်း အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် အားနည်းချက်နှင့် အားသာချက်များကိုသုံးသပ်ပြီး ဆက်လက်၍ မည်သို့ဆောင်ရွက်ကြမည်၊ မည်သို့အကောင်အထည်ဖော်ဆောင်ရွက်ကြမည်၊ ပုဂ္ဂလိကပိုင်းအနေဖြင့် မည်သည် တို့ကို လုပ်ဆောင်ကြမည်၊ နိုင်ငံတော်အစိုးရမှ မည်သည်တို့ကို ကူညီဆောင်ရွက်ရန် လိုအပ်မည် စသည်တို့ကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြမည်ဖြစ်သည့်အတွက် ယနေ့ ကျင်းပသည့် အစည်းအဝေးသည် အကျိုးဖြစ်ထွန်းစေမည့် အစည်းအဝေးဖြစ်သည် ဟု ယုံကြည်ပါကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံများသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစီအမံများချမှတ်၍ တစ်နှစ်ထက်တစ်နှစ် ပိုမိုကြိုးပမ်း အားထုတ်နေကြပါကြောင်း။
အရေးကြီး
မြန်မာနိုင်ငံသည် ခရီးသွားအရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ က္ဘာလှည့်ခရီးသည်များ ကို ဆွဲဆောင်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် တိုင်းရင်းသားရိုးရာဓလေ့ များ များစွာရှိနေပါကြောင်း၊ ¤င်းတို့ကို စနစ်တကျရေရှည် ဖွံ့ဖြိုးတိုးတက်ရန် ဖော်ထုတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးပြီး လူမှုစီးပွားဘဝ များတိုးတက်ရေးဆောင်ရွက်ရာတွင် ဆိုးကျိုးအနည်းဆုံးနှင့် အကျိုးအမြတ် အများ ဆုံးရရှိစေရေးအတွက် ရေရှည်တည်တံ့မည့် အခြေခံသဘောတရားများနှင့် စီမံ ဆောင်ရွက်ရေးသည် အရေးကြီးပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံသို့ က္ဘာလှည့်ခရီးသွားများ စတင်ရောက်ရှိသည့်ကာလမှ ပြန်လည်ထွက်ခွာသည့်ကာလအထိ ¤င်းတို့၏ သွားလာရေးနှင့် နေထိုင်စားသောက်ရေး အဆင်ပြေချောမွေ့စေရေးဆောင်ရွက်ကြရမည့်အပြင် လုံခြုံဘေးကင်းစွာလည်ပတ် ကြည့်ရှုနိုင်ရေးကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ က္ဘာလှည့် ခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းပင်မ စီမံ ကိန်းလည်း ရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းသည် အချိန်ကာလအခြေအနေကို လိုက်၍ လိုအပ်သလို ပြုပြင်ဆောင်ရွက်နိုင်သည့်အတွက် နိုင်ငံတွင်ရှိသည့် အရင်း အမြစ်များပေါ် မူတည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည်များကို ဖြည့်စွက် ပြင်ဆင် စီမံဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
အထောက်အကူပြု
အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ အကြံပြုလိုသည့်အချက်များနှင့် အကောင် အထည် ဖော်လိုသည့် လုပ်ငန်း များကိုဆွေးနွေးကြရန် ဖိတ်ခေါ်လိုပါကြောင်း၊ အစည်းအဝေး ၏ ဆွေးနွေးချက်များ၊ အကြံပြုချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို နိုင်ငံတော် အစိုးရပိုင်းမှကူညီပံ့ပိုးပေးမည်၊ ပုဂ္ဂလိကပိုင်းကလည်း ကြိုးပမ်းဆောင်ရွက်မည်၊Tourism Industry တွင် ပါဝင်သည့် Stakeholders များကလည်း ဟန်ချက် ညီညီ ပိုမိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြမည်ဆိုလျှင် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် နိုင်ငံတော်၏ အခြားစီးပွားရေးကဏ္ဍများ အလျင်အမြန်တိုးတက်ရေး အတွက် အရေးပါပြီး အထောက်အကူပြုသည့် ကဏ္ဍတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအတွင်း ရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ခရီးသွားလာရေးလုပ်ငန်းစနစ်တကျဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ဆွေးနွေး
ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဦးကျော်ဝင်း၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးကြပြီး အစည်းအဝေးသို့ တက် ရောက်လာကြသူများက အထွေထွေဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင်မြင်ရန် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုတည်း သာမက ဆက်စပ်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များကပါ ဝိုင်းဝန်းကူညီလုပ်ဆောင်ကြမှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ ဒေသခံ များ အလုပ်အကိုင်နှင့် ဝင်ငွေရရှိပြီး လူနေမှုအဆင့်အတန်း မြင့်တက်လာစေရန် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) ကို စီမံ ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာခရီးသွားလုပ်ငန်း ဈေးကွက်တွင် ရပ်တည်နိုင်ရေးအတွက် ပုံရိပ်ကောင်းရရှိရန်နှင့်ရရှိပြီး ပုံရိပ်ကောင်း များကို စဉ်ဆက်မပြတ် ထိန်းသိမ်းထားရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ASEAN Tourism Strategic plan ၏ မျှော်မှန်းချက်အတိုင်း ဖြစ်မြောက် အောင်မြင် အောင် အကောင်အထည်ဖော်ဆောင် ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက အခန်း ကဏ္ဍမှပါဝင်ကြောင်း၊ ထို့ကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများအနေဖြင့်လည်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းကူညီဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။ (သတင်းစဉ်)

No comments:

Post a Comment