Friday, April 28, 2017

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ မေ ၂၄ ရက်တွင် ကျင်းပမည် အောင်မြင်ရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများက ကြိုးပမ်းဆောင်ရွက်




Image may contain: 1 person, sitting
 နေပြည်တော် ဧပြီ ၂၇

 

 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပ ရေးဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီ တွင် နိုင်ငံတော်သမ္မတအိမ်တော်အစည်းအဝေးခန်းမ၌ ကျင်းပ ရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြား သည်။

အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မေ ၂၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီအနေဖြင့် ပထမ အစည်းအဝေးကျင်းပခဲ့ရာတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့ အကြုံ များကိုအခြေခံ၍ အားသာချက်၊ အားနည်းချက်များ သိရှိထား ပြီးဖြစ်ကြောင်း၊ ယခုတစ်ကြိမ်တွင် ပိုမိုအဆင်ပြေကောင်းမွန် အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင် ရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများက ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက လုပ်ငန်း ကော်မတီအလိုက် ဆောင်ရွက်ကြမည့် ဖိတ်ကြားရေး၊ ကြိုဆို နေရာချထားရေး၊ တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ အစည်းအဝေးခန်းမအတွင်း နေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊
အခမ်းအနားပြင်ဆင်ရေး၊ လုံခြုံရေး၊ သတင်းပြန်ကြားရေး၊ ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင် များက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းပြောကြားသည်။ 

အစည်းအဝေးသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးသန့်စင်မောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ လုပ်ငန်း ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာ မြင့်ထွေး၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဗိုလ်ချုပ်အောင်စိုး၊ ဗိုလ်ချုပ် သန်းထွဋ်၊ ဦးခင်မောင်တင်၊ ဦးကျော်မျိုး၊ ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment