Thursday, April 27, 2017

တူရကီတိုက်လေယာဉ်များ ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့အား တိုက်ခိုက်၊ ၇ဝ ခန့် သေဆုံး

Image may contain: airplane and sky

အန်ကာရာ ဧပြီ ၂၆

တူရကီနိုင်ငံမှ တိုက်လေယာဉ်များသည် အီရတ်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံ နယ်နိမိတ် အတွင်းရှိ ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ၇ဝ ခန့် သေဆုံး ခဲ့ကြောင်း တူရကီစစ်ဘက်က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
တူရကီတိုက်လေယာဉ်များသည် အီရတ်နိုင်ငံမြောက်ပိုင်း ဆင်ဂျာတောင်တန်း ဒေသနှင့် ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း ကရာချော့တောင်တန်းဒေသရှိ အကြမ်းဖက်တပ်ဖွဲ့များကို ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၂ နာရီအချိန်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုသည် ကာ့ဒ်တပ်ဖွဲ့နှင့် ¤င်း၏မဟာမိတ်တပ်ဖွဲ့အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တူရကီတိုက်လေယာဉ် များ၏ တိုက်ခိုက်မှုကြောင့် ကာ့ဒ်တပ်ဖွဲ့၏ အခြေစိုက်စခန်း၊ လက်နက်သိုလှောင်ရုံနှင့် ဆက်သွယ်ရေးစခန်းတို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ကာ့ဒ်အလုပ်သမားပါတီကို ၁၉၇၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ တည်ထောင် ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကာ့ဒ်လူမျိုးများကို စုစည်းပြီး သီးခြားနိုင်ငံ တစ်နိုင်ငံ တည်ထောင်ရန်အတွက်ဖြစ်သည်။ ကာ့ဒ်တပ်ဖွဲ့သည် အီရတ်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတို့တွင် စုဝေးနေပြီး မကြာခဏဆိုသလို တူရကီနိုင်ငံ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်ပြီး တိုက်ခိုက်မှုများဆောင်ရွက်လေ့ရှိသည်။
ကာ့ဒ်တပ်ဖွဲ့အား တူရကီနိုင်ငံ ၊ အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည်။ (ဆင်ဟွာ)

No comments:

Post a Comment