Saturday, April 29, 2017

နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်ပြီး ရှင်းလင်း



 နေပြည်တော် ဧပြီ ၂၈


 နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ခေတ္တ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမင်းအေးကိုနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ တက်ရောက်ကြသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ၏ ရည်ရွယ်ချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ NCA တစ်နှစ်တာသက်တမ်းနှင့် အနာဂတ်မျှော်မှန်းချက်များ၊ ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ခေတ္တအမြဲ တမ်းအတွင်းဝန် ဦးထွန်းအုံက မြန်မာနိုင်ငံရှိ ဘုရားပုထိုး စေတီကြီးများတွင် ဗုဒ္ဓဝေယျာဝစ္စလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အမုန်းစကားကာကွယ်တားဆီးရေး ဥပဒေ(မူကြမ်း) ရေးဆွဲ ခြင်း၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံအမွေအနှစ်ဒေသရှိ ရှေးဟောင်း အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုများ ပြုပြင်မှုအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့် နည်းဥပဒေ ပြဋ္ဌာန်းခြင်း၊ ပုဂံ၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ၊ မြစေတီ(ရာဇကုမာရ်)ကျောက်စာ၊ ဘုရင့်နောင်မင်းတရားကြီး ခေါင်းလောင်းစာတို့ကို က္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) ထိန်း သိမ်းမွမ်းမံခြင်း၊ မြန်မာ့အနုသုခုမဆိုင်ရာ ပညာရပ်များကို ရှာဖွေဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ခြင်း၊ အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ်များ၏ ဆောင်ရွက်ချက်များ၊ မြန်မာ သမိုင်းသုတေသနစာတမ်းများကို ရေးသားပြုစုခြင်း၊ စာကြည့် တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနများ ၏ တစ်နှစ်တာဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးတင့်သွင်က ခရီးသွားမူဝါဒချမှတ်ခြင်း၊ တည်ဆဲ ဥပဒေများ၏ စိုးမိုးမှုရှိစေခြင်း၊ နိုင်ငံတကာနှင့်ခရီးသွား လုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်း၊ အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအား မြင့်တင်ခြင်း၊ တာဝန်သိခရီးသွား လုပ်ငန်းမျှော်မှန်းချက်များ၊ ခရီးသွားလုပ်ငန်း၏ ရှေ့လုပ်ငန်း စဉ်များ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမွဲတေ မှုလျှော့ချရေးနှင့် လူနေမှုအဆင့်မြှင့်တင်ရေး၊ ဈေးကွက်ရှာဖွေ ရေးနှင့် မြှင့်တင်ရေးစသည်တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး သည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမင်းအေးကိုက တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာခြင်း၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ မူဝါဒနှင့်ရည်မှန်းချက်၊ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့်အခွင့်အရေးများ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများနှင့် ဆောင်ရွက်ခဲ့ မှုများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဦးစီးဌာနရုံးများ ဖွင့်လှစ်ခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

တာဝန်ရှိသူများ ရှင်းလင်းဖြေကြား
ထို့နောက် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက အတိုင် ပင်ခံရုံးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံသား စိစစ်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ပြည်တွင်း ငြိမ်းချမ်း ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကိုလည်းကောင်း၊ သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ ရွှေတိဂုံစေတီတော်၌ ရွှေပြားကပ်လှူမည့် ကိစ္စ၊ လှူဒါန်းငွေများ စနစ်တကျထိန်းသိမ်းနေမှုနှင့် ဝန်ထမ်းများ လစာကိစ္စ၊ ဆရာတော် ဦးဝီရသူ၏ တိပ်ပိတ်တရားဟောနေ သည့်ကိစ္စ၊ မြန်မာ့သမိုင်း အမှန်ဆောင်ရွက်မှုကိစ္စ၊ သာသနိက အဆောက်အအုံများ၌ ဒရုန်းပျံသန်းမှုကိစ္စ၊ ဘာသာအလိုက် ဘုရားဖူးစေလွှတ်မှုကိစ္စရပ်များကိုလည်းကောင်း၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက် ၍ ဇီကာဗိုင်းရပ်နောက်ဆုံးအခြေအနေ၊ ပြည်သူ့ဆေးရုံများ၌ လူနာများအပေါ် နွေးထွေးစွာ ဆက်ဆံရေး၊ ဆေးဝါးများပြင်ပ မှ ဝယ်ယူနေမှု၊ မှုခင်းဆေးစာနောက်ကျနေမှု၊ ဆီးချို၊ သွေးချို စသည့် မကူးစက်သောရောဂါများ ကာကွယ်ကုသနေမှုကိစ္စရပ် များကို လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ Home Stay နေထိုင်လည်ပတ်ခွင့်၊ ပုဂံ-ဗန်ကောက်ခရီးစဉ်ဆောင်ရွက်မည့် အခြေအနေ၊ ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းဆောင်ရွက် မှုနှင့် ခရီးသွားလုပ်ငန်း လိုင်စင်ထုတ်ပေးမှုအခြေအနေများကို လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ စစ်ဘေးသင့်ဒေသများ အရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း မေးမြန်းကြရာ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment