နေပြည်တော် ဧပြီ ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော မစ္စတာ ဂျတ်ခ်ဘွန်လုံသည် ယနေ့ မွန်းလွဲ ၂ နာရီတွင် လည်း ကောင်း၊ ဘယ်လ်ဂျီယံသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော မစ္စတာ ဖိလစ်ခရီဒယ်လ်ကာသည် ယနေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ¤င်းတို့၏ သံအမတ်ခန့်အပ်လွှာများကို ပေးအပ်ကြသည်။
တက်ရောက်
အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားများသို့ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment