Saturday, April 1, 2017

ဆီးရီးယား စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက် ငါးသန်းခန့်ရှိပြီဖြစ်


Image may contain: one or more people, people standing, hat, beard and outdoor
ဒမတ်စကတ် မတ် ၃၁
ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်ဖြစ်ပွားမှု ခြောက်နှစ် တာကာလအတွင်း အခြားသော ဘေးပတ်ဝန်းကျင် နိုင်ငံများသို့ ထွက်ခွာသွားသည့် စစ်ဘေးရှောင် ပြည်သူများ အရေအတွက်သည် ငါးသန်းခန့်ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ယနေ့ပြောကြားခဲ့ သည်။
တူရကီ၊ အီရတ်နှင့် အီဂျစ်နိုင်ငံများကဲ့သို့သော ဘေးပတ်ဝန်းကျင်နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင် သွားသူအရေအတွက်မှာ ၅ ဒသမ ၁၈ သန်းရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆိုသည်။ ဥရောပနိုင်ငံများနှင့် အခြားသောနိုင်ငံများတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများစာရင်းကိုပါ ထည့်သွင်းတွက်ချက် မည်ဆိုပါက ယင်းအရေအတွက်ထက် ကျော်လွန် မည်ဖြစ်သည်။
စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ပြန်လည် နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတကာမှ အလှူငွေများလိုအပ်လျက်ရှိကြောင်း ကုလသမဂ္ဂအဖွဲ့က ဆိုသည်။
တူရကီနှင့် အီရတ်နိုင်ငံများကဲ့သို့သော နိုင်ငံပေါင်းခုနစ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွား သည့် ဒုက္ခသည်များအတွက် ဒေါ်လာ ၅ ဒသမ ၅၂ သန်းကို ဂျပန်နိုင်ငံက ပေးလှူမည်ဖြစ်ကြောင်း သိရသည်။
စစ်ဘေးရှောင်ဒုက္ခသည် အမျိုးသမီးများနှင့် လူငယ်များအတွက် အသက်မွေးမှုသင်တန်းများကို ဂျပန်နိုင်ငံက ဖွင့်လှစ်ပေးမည်ဖြစ်ပြီး အဓိက အားဖြင့် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများတွင် အလုပ်အကိုင်များ ဖန်တီးပေးမည်ဖြစ်ကြောင်း သိရသည်။
မတ် ၃ဝ ရက်က သြစတြီးယားနိုင်ငံ ဗီယင်နာ မြို့ရှိ ကုလသမဂ္ဂရုံးတွင် ဒုက္ခသည်များအား အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဂျပန်ကိုယ်စားလှယ် တစ်ဦးနှင့် ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးတို့က လက်မှတ်ရေးထိုးခဲ့ကြ သည်။
ဒုက္ခသည်များ နေသားတကျဖြစ်စေရန် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းထောက်ပံ့ ပေးရန် အရေးကြီးကြောင်းနှင့် ဂျပန်နိုင်ငံအနေဖြင့် ယင်းအကူအညီများကို တတ်အားသမျှ ပေးစွမ်းမည် ဖြစ်ကြောင်း ဂျပန်သံအမတ်ကြီး မတ်ဆူရူ ကီတာနို က ဆိုသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment