Saturday, April 1, 2017

တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးအား ဆိုးလ်ခရိုင်တရားရုံးတော်က ဖမ်းဝရမ်းထုတ်


Image may contain: 1 person
ဆိုးလ် မတ် ၃၁
တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေးကို မတ် ၃၁ ရက် အစောပိုင်းက ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း၊ မြို့တော်ဆိုးလ် ခရိုင်တရားရုံးက လာဘ်ပေးလာဘ်ယူ ပြုလုပ်မှု၊ အာဏာအလွဲသုံးမှု၊ အကျပ်ကိုင် အနိုင်အထက် ပြုမူမှုနှင့် အစိုးရလျှို့ဝှက်ချက်များ ပေါက်ကြားမှု စွဲချက် များအရ ပတ်အား ဖမ်းဆီးရန် ဝရမ်းထုတ်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ယခုလအစောပိုင်းက နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး က ပတ်အား ပါလီမန်က စွပ်စွဲပြစ်တင်မှုကို အတည်ပြုပေး ခဲ့ရာ ၎င်းမှာ ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးဖြစ်သည်။ ရာထူးမှ ဖယ်ရှားခံရခြင်းနှင့်အတူ သမ္မတအဖြစ် တရားစွဲဆိုခံရခြင်း မှ ကင်းလွတ်ခွင့်လည်း ရုပ်သိမ်းခံခဲ့ရသည်။
ဆိုးလ်မြို့တော်ရှိ ခရိုင်တရားရုံးသည် မတ် ၃ဝ ရက် က မနားမနေ ကြားနာစစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် အစိုးရရှေ့နေများ၏ လျှောက်ထားချက်ကိုလက်ခံကာ ပတ်အား ဖမ်းဆီးရန် ဆုံးဖြတ်ခဲ့သည်။
ရာဇဝတ်ပြစ်မှုထိုက်သော စွပ်စွဲချက်များဖြစ်သဖြင့် သက်သေအထောက်အထားများအား ပတ်က ဖျက်ဆီးပစ် နိုင်မှုအတွက် စိုးရိမ်ပူပန်မှုများရှိနေသဖြင့် ၎င်းကို ဖမ်းဆီး သင့်သည်ဟု အစိုးရရှေ့နေများက တရားရုံးထံ တင်ပြခဲ့ကြ ကြောင်း တရားရုံးတော်၏ ကြေညာချက်တွင် ဖော်ပြထား သည်။
တရားသူကြီးများသည် မတ် ၃ဝ ရက်က ကိုးနာရီကြာ မျှ ကြားနာမှုပြုလုပ်ခဲ့ပြီးနောက် တရားရုံးတော်က ဖမ်းဝရမ်း ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
ပတ်သည် တောင်ကိုရီးယားနိုင်ငံ၌ ထိန်းသိမ်းခံရ သည့် တတိယမြောက် ခေါင်းဆောင်ဟောင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး သမ္မတတစ်ဦးဖြစ်သူ ပတ်သည် ပါလီမန်၏ စွပ်စွဲပြစ်တင်မှုမှ တစ်ဆင့် ရာထူးမှဖယ်ရှားခံရသည့် ပထမဆုံးသော သမ္မတ တစ်ဦးလည်းဖြစ်သည်။
ရိုက်တာ၊ ဆင်ဟွာ။

No comments:

Post a Comment