Saturday, April 1, 2017

ရေကြီးနစ်မြုပ်သီးနှံပျက်စီးမှုအတွက် ထောက်ပံ့ငွေ ပေးအပ်


Image may contain: 6 people, people standing
ဖျာပုံ မတ် ၃၁
၂ဝ၁၆-၂ဝ၁၇ နှစ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံများပျက်စီးမှုအပေါ် ပြည်ထောင်စုအစိုးရ၏ သီးသန့်ရန်ပုံငွေမှ ထောက်ပံ့သည့် ထောက်ပံ့ငွေပေးအပ် ပွဲကို မတ် ၃ဝ ရက်က ဖျာပုံမြို့ရှိ ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် ခရိုင်ထောက်ပံ့ငွေပေးအပ်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအေးလွင်က ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်လှိုင်သို့ လည်းကောင်း၊ ခရိုင်ထောက်ပံ့ငွေပေးအပ်ရေးကြီးကြပ်မှု ကော်မတီအတွင်းရေးမှူးက ဖျာပုံနှင့် ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူး နှစ်ဦးသို့လည်းကောင်း ထောက်ပံ့ငွေများ အသီးသီးပေးအပ်သည်။
အဆိုပါ ထောက်ပံ့ငွေများအား အမှန်တကယ် သီးနှံစိုက်ပျိုး၍ပျက်စီးသည့် တောင်သူများ လက်ဝယ်အရောက်ပေးအပ်နိုင်ရန် ပြည်ထောင်စုအစိုးရ၏ သီးသန့်ရန်ပုံငွေမှ တစ်ဧကလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးခြင်း ဖြစ်ရာ ဖျာပုံမြို့နယ်တွင် တောင်သူ ၃ဝ၅၆ ဦး၊ သီးနှံပျက်စီးမှု ပမာဏ ၅၅၆၁ ဧကနှင့် ဘိုကလေးမြို့နယ်တွင် တောင်သူ ၁ဝ၆ ဦး၊ သီးနှံပျက်စီးမှုပမာဏ ၁၁၁ ဧကအတွက် ထောက်ပံ့ငွေ ၅၆ ဒသမ ၇၂သန်း ပေးအပ်ခဲ့ကြောင်း သိရ သည်။
(သပြေထွန်း)

No comments:

Post a Comment