Sunday, April 2, 2017

အင်ဒိုနီးရှားတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်၊ လူ ၁၁ ဦးထက်မနည်း မြေအောက်၌ နစ်မြုပ်သေဆုံး

Image may contain: one or more people, people standing, outdoor and nature

ဂျကာတာ ဧပြီ ၁

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အရှေ့ဂျာဗားပြည်နယ် ပွန်နော်ရိုဂိုခရိုင် ဘနာရန် ကျေးရွာ တောင်ကုန်းပေါ်တွင် ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ၁၁ ဦးထက်မနည်း မြေအောက်၌ နစ်မြုပ်သေဆုံးခဲ့ကြောင်း၊ ကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြည်နယ် သဘာဝဘေး စီမံခန့်ခွဲမှု အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။ နစ်မြုပ်သေဆုံး ခဲ့သူများထဲတွင် ဒေသခံ ဂျင်းစိုက်တောင်သူများပါဝင်ခဲ့ကြောင်း သိရသည်။
မြေပြိုမှုကြောင့် အိမ်ခြေ ၂၅ လုံးမှ ၃ဝ ထိပျက်စီးခဲ့ကြောင်း၊ အမျိုးသားသဘာဝ ဘေးစီမံခန့်ခွဲမှု အေဂျင်စီ ပြောခွင့်ရပုဂ္ဂိုလ် စူတိုပိုပါဝူနာဂရိုဟိုက ပြောခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုများတွင် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ သဘာဝဘေးစီမံခန့်ခွဲမှုရုံးမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်ခဲ့ကြောင်း ၄င်းက ပြောခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အရှေ့ဂျာဗားပြည်နယ် ပွန်နော်ရိုဂိုခရိုင် ဘနာရန်ကျေးရွာသို့ သွားရာလမ်းကြောင်းမှာ ခက်ခဲသည့်အတွက် ကယ်ဆယ်ရေးလုပ် ငန်းများ နှောင့်နှေးခဲ့ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုတွင် စက်ယန္တရားကြီးများ လိုအပ်လျက်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
မကြာသေးမီက ရွာသွန်းခဲ့သောမိုးကြောင့် မြေပြိုမှုများ ဆက်လက်ဖြစ်ပွားနိုင် ကြောင်း ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီက သတိပေးချက်များထုတ်ပြန် ထားကြောင်း သိရသည်။
(ရိုက်တာ/ဆင်ဟွာ)

No comments:

Post a Comment