Sunday, April 30, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အင်ဒိုနီးရှားသမ္မတနှင့် ဘရူနိုင်းဘုရင်တို့အား သီးခြားစီတွေ့ဆုံ



Image may contain: 2 people, people sitting and indoor
မနီလာ ဧပြီ ၂၉


အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ဖိလစ်ပိုင်သမ္မတနိုင်ငံ မနီလာမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် Sofitel Philippines Palaza Hotel ၌ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒိုနှင့်လည်းကောင်း၊ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ မိနစ် ၂ဝ တွင် ဖိလစ်ပိုင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၌ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင် ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုကီးယား မူအစ်ဇာဒင် ဝါဒူလာနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံသည်။
အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးတွင် ယခုနှစ်အတွင်း ပိုမိုတိုးတက်လာလျက်ရှိပြီး စီးပွားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုမြှင့်တင်ရေး၊ စိုက်ပျိုးရေးနှင့် စွမ်းအင်ကဏ္ဍများ၌ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ (သတင်းစဉ်)

No comments:

Post a Comment