Sunday, April 2, 2017

ပဲခူးတိုင်းဒေသကြီး ၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ စစ်ဆေးနေမှုကို ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ လှည့်လည်ကြည့်ရှု

Image may contain: 6 people, people sitting, table and indoor
ရန်ကုန် ဧပြီ ၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေဝင်းဦး၊ ဒဂုံတက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ် ဒေါက်တာ အေးအေးထွန်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် တာဝန်ရှိသူများနှင့်အတူ ဒဂုံတက္ကသိုလ်တွင် ၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပဲခူးတိုင်းဒေသကြီး)စာစစ်လုပ်ငန်းကို ဧပြီ ၁ ရက် နံနက်ပိုင်းက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ သည်။
ဒဂုံတက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်တို့မှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ ဆရာ ဆရာမ စုစုပေါင်း ၇၈၈ ဦးနှင့်အတူ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းပြ ဆရာ ဆရာမ စုစုပေါင်း ၁၂၂၄ ဦးတို့၏ စာစစ်လုပ်ငန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment