Sunday, April 2, 2017

ပြုံယမ်းအနေဖြင့် နျူကလီးယားလက်နက်စမ်းသပ်မှုများကို ရပ်တန့်သင့်ပြီဖြစ်ကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီးဆို



Image may contain: 1 person, standing and suit
လန်ဒန် ဧပြီ ၁
အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မ်မတ်တစ်က မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် စမ်းသပ်မှုအစီအစဉ်များကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း မတ် ၃၁ ရက်က လန်ဒန်မြို့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြုံယမ်း၏ နျူကလီးယားနည်းပညာဖွံ့ဖြိုးမှုနှင့် ပတ်သက်ပြီး ဝန်ကြီးမတ်တစ်က ပြင်းထန်သောသတိပေး စကားပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် ပြုံယမ်း၏ နျူစွမ်းအင် တိုးတက်မြင့်မားလာမှုအပေါ် သံတမန်နည်းအရ ဖြေရှင်းရန် မဟာမိတ်နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများသာမက ကုလသမဂ္ဂအဖွဲ့နှင့်ပါ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီး မတ်တစ်က ဆိုသည်။
သို့သော် ယခုအချိန်တွင် ပြုံယမ်းအနေဖြင့် နျူလက်နက်စမ်းသပ်မှုကို ရပ်တန့်မှုမရှိဘဲ ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ မတ်လတွင် နျူဒုံးကျည်များကိုလွှတ်တင်ရန် အဆက်မပြတ်စမ်းသပ်မှု များပြုလုပ်ခဲ့သည်။
မကြာသေးမီက ဂြိုဟ်တုဓာတ်ပုံများအရ မြောက်ကိုရီးယားနိုင်ငံအရှေ့မြောက်ဘက်ရှိ ဒုံးပစ်စင်အနီးတွင် နျူဒုံးကျည်ပစ်လွှတ်ရန် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေသည့် လှုပ်ရှားမှုများတွေ့ရှိရကြောင်း ဝန်ကြီးမတ်တစ်က ဆိုသည်။
ဂြိုဟ်တုဓာတ်ပုံတွင်ပြသသော လှုပ်ရှားမှုများသည် ရက်အနည်းငယ်အကြာက ရပ်တန့်သွားခဲ့သည်။ ဤအချက် ကို ကြည့်ခြင်းအားဖြင့် နောက်ထပ်ဒုံးကျည်ပစ်လွှတ်ရန် အဆင်သင့်ဖြစ်ပြီဟု ထင်မြင်ယူဆရကြောင်း အမေရိကန် သုတေသီအဖွဲ့က ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံသည် ယခုအချိန်တွင် နျူကလီးယားဒုံးလက်နက်များကို အချိန်မရွေးပစ်လွှတ်နိုင်သည်ဟု ယုံကြည်ထားကြောင်းနှင့် အမေရိကန်တပ်ဖွဲ့များအား တပ်လှန့်ထားသည်ဟု အမေရိကန်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက အင်န်အိတ်ခ်ျကေသတင်းဌာနသို့ ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment