Friday, April 28, 2017

ပြည်ထောင်စုလွှတ်တော်နာယက အာဆီယံပါလီမန်ခေါင်းဆောင်များ အကြိုညှိနှိုင်းစည်းဝေး တက်ရောက်ရန် ထွက်ခွာ



ရန်ကုန် ဧပြီ ၂၇


 ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဧပြီ ၂၇ ရက်မှ ၃ဝ ရက်အထိကျင်းပမည့် အာဆီယံ ပါလီမန် ခေါင်းဆောင်များ၏ အကြိုညှိနှိုင်းအစည်းအဝေးနှင့် 30 th ASEAN SUMMIT အစည်းအဝေးတွင် ပါဝင်သည့် ASEAN – AIPA Interface သို့တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် တာဝန်ရှိသူတို့က ရန်ကုန်ပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး နှင့် အမျိုးသားလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသီဟဟန်တို့ လိုက်ပါ သွားကြသည်။
(သတင်းစဉ်)

No comments:

Post a Comment