Saturday, April 1, 2017

တားမြစ်ပိတ်ပင်ထားသော သင်းခွေချပ်အကြေးခွံများ ရေပူစစ်ဆေးရေးစခန်းတွင် သိမ်းဆည်းရမိ

Image may contain: plant, outdoor and nature
မန္တလေး မတ် ၃၁
မန္တလေးမြို့မှ မူဆယ်မြို့သို့ သွားရောက်မည့် တိုယိုတာ မတ်ခ်တူး ယာဉ်ပေါ်တွင် တားမြစ်ပိတ်ပင်ထားသော သင်းခွေချပ်အကြေးခွံများ သယ်ဆောင် လာသည်ကို ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းတွင် မတ် ၂၉ ရက်က သိမ်းဆည်း ရမိခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ သိရသည်။
ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းအဖွဲ့များက တရားမဝင် ကုန်သွယ်မှုများအား တားဆီးစစ်ဆေး လျက်ရှိရာ တားမြစ်ပိတ်ပင်ထားသော သင်းခွေချပ်အကြေးခွံများ ၈ ပိဿာ ခန့်ကို တွေ့ရှိ သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့တွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မတ် ၁ ရက်မှ စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ရာ တင်သွင်း/တင်ပို့ သော ကုန်ပစ္စည်းများအား အဆိုပါ စစ်ဆေးရေးစခန်းများက စစ်ဆေး မှုများ ပြုလုပ်လျက်ရှိရာ မတ် ၃ဝ ရက်က ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းမှ တားဆီးမှု ၆ မှု (ခန့်မှန်း တန်ဖိုး ကျပ် ၁ဝ၂ သန်းခန့်)နှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေး စခန်းမှ တားဆီးမှု ၂ မှု (ခန့်မှန်း တန်ဖိုးကျပ် ၃ ဒသမ ၄၂၂၂ သန်း ခန့်)အား သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
(ဝဝ၁)

No comments:

Post a Comment