Saturday, April 1, 2017

ပါရှန်ပင်လယ်ကွေ့မှ အမေရိကန်ရေတပ်ထွက်သွားရန် အီရန်ကာကွယ်ရေးဝန်ကြီး တောင်းဆို


No automatic alt text available.
တီဟီရန် မတ် ၃၁
ပါရှန်ပင်လယ်ကွေ့အတွင်းမှ အမေရိကန်ရေတပ်ဖွဲ့များထွက်ခွာသွားရန် အီရန် ကာကွယ်ရေးဝန်ကြီးက မတ် ၃ဝ ရက်တွင် တောင်းဆိုလိုက်ကြောင်း တက်စ်နမ် သတင်းဌာနက ဖော်ပြသည်။
မည်သည့်လုပ်ငန်းကိစ္စဖြင့် ပါရှန်ပင်လယ်ကွေ့ဒေသသို့ အမေရိကန် ရေတပ်ဖွဲ့များ ရောက်နေသနည်းဟု အီရန်ကာကွယ်ရေးဝန်ကြီး ဟော့စ်စန် ဒက်ကွမ်က မေးခွန်းထုတ်လိုက်ပြီး ပါရှန်ပင်လယ်ကွေ့ဒေသအတွင်းရှိ နိုင်ငံများ နှင့် ပြဿနာမဖြစ်ပွားစေရန် အမေရိကန်ရေတပ်အနေဖြင့် ယင်းဒေသမှ ထွက်ခွာသွားခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။
ပါရှန်ပင်လယ်ကွေ့ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်စစ်ရေယာဉ် များအား အီရန်ရေတပ်က ဒုက္ခပေးနှောင့်ယှက်နေသည်ဟု အမေရိကန်ရေတပ် တပ်မှူး၏ပြစ်တင်ပြောကြားမှု ထွက်ပေါ်လာပြီးနောက် အီရန်ကာကွယ်ရေး ဝန်ကြီးက ယင်းသို့ တုံ့ပြန်ပြောကြားခြင်းဖြစ်သည်။
ဆင်ဟွာ။

No comments:

Post a Comment